LifeStyle

စုံတွဲတွေထက် တစ်ကိုယ်တည်းနေထိုင်သူတွေက ပျော်ရွှင်မှုပိုမိုခံစားရလေ့ရှိကြောင်း သုတေသနပြုချက်အရသိရ

လေ့လာတွေ့ရှိမှုအသစ်တွေအရ လက်ထပ်ထိမ်းမြားပြီးတဲ့ အိမ်ထောင်သည်တွေထက်စာရင်တစ် ကိုယ်တည်းတစ်ကာယနေထိုင် သူတွေမှာ ပိုပြီးတော့ပျော်ရွှင်မှုကို ခံစားရလေ့ရှိတယ်လို့ သိရပါတယ်။ အများစု ထင်နေကြသလို ကိုယ်ချစ်ရသူနဲ့နှစ်ဦးတစ်ဘဝ ထူထောင်ပြီး အိမ်ထောင်သည်ဘဝခံယူလိုက် ခြင်းက ပျော်ရွှင်ရလိမ့်မယ်လို့ဆိုပေမယ့် တကယ်တမ်းမှာတော့ တစ်ကိုယ်ရေ တစ်ဦးတည်းနေထိုင်သူတွေမှသာ ပျော်ရွှင်မှုတွေကို ပိုမိုရရှိနိုင်ကြတယ်လို့ သုတေသနပြုချက်တွေမှာ ဖော်ပြထားပါတယ်။

တကယ်တော့ တစ်ကိုယ်တည်းနေထိုင်ခြင်းဟာ အိမ်ထောင်သည် စုံတွဲတွေထက်စာရင် အစစအရာရာ ပူပင်သောက နည်းပါးတတ် ပါတယ်။ ချစ်သူ၊ အဖော်ရှိပေမယ့် စုံတွဲတွေမှာဖြစ်ပေါ်တတ်တဲ့ ပြဿနာ တွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ နက်ရှိုင်း တဲ့ပြဿနာတွေ ဖြစ်ပေါ်လာကာ အချိန် ကြာလာတာနဲ့အမျှ ပျော်ရွှင်မှုတွေကိုပါ နည်းပါးပျောက်ကွယ်သွားနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။ စုံတွဲ ရှိတဲ့သူတွေနဲ့ တစ်ကိုတည်းနေထိုင်သူတွေမှာ အရာအားလုံးက ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

နှစ်ဦးသားနေထိုင်မှုပုံစံတွေမှာ စုံတွဲတွေက နှစ်ဦးရဲ့ စိတ်သဘောထား၊ ရုပ်ပိုင်းဆိုင်ရာ ခံယူချက်၊ ရွေးချယ်မှုတွေ၊ နေထိုင်မှုတွေမှာ နှစ်ဦးသားဆုံးဖြတ်ချက်နဲ့ သဘောတူညီချက်တို့ရှိရမှာဖြစ်ကာ တစ်ခါတစ်ရံမှာ သဘောထားကွဲလွဲမှုနဲ့ ခံယူချက်တွေ မတူညီတဲ့အခါ နှစ်ဦးသားမှာ ပြဿနာဖြစ်ပေါ် လာနိုင်ပါတယ်။ ဒီ့အခါ ပျော်ရွှင်မှုတွေ စတင်ပြီးပျောက်ဆုံးလာရပါတယ်။ တစ်ကိုယ်တည်းနေထိုင်သူ တွေမှာတော့ ဒီလိုမျိုး စိတ်မချမ်းမြေ့စရာ၊ ပြဿနာတွေ ဖြေရှင်းဖို့ မရှိပါဘူး။ တစ်ကိုယ်တည်းနေလို့ အထီးကျန်နေတာထက်စာရင် အသက်တိုနိုင်မယ့် ဒေါသ၊ စိတ်သောက၊ စိတ်ခံစားမှုတွေကို ပြင်းပြင်း ထန်ထန်မရှိလို့ စုံတွဲတွေထက်စာရင် သက်သာတယ်လို့ ဆိုနိုင်ပါတယ်။

နောက်ဆုံး အိမ်ထောင်သက်ကြာရှည်တဲ့ အိမ်ထောင်သည်တွေနဲ့ ချစ်သူသက်တမ်းကြာတဲ့ စုံတွဲတွေ မှာဆိုရင် သူတို့တွေရဲ့နှစ်ဦးဘဝ၊ မိသားစု ဘဝအတွက် အဆင်ပြေပြေဖြတ်သန်းနိုင်အောင် ကြိုးစား အားထုတ်ရင်း သူတို့တွေရဲ့ အမှန်တကယ်ဖြစ်တဲ့ ကိုယ်ပိုင်လွတ်လပ် ခွင့်၊ ကိုယ်ပိုင်ပျော်ရွှင်မှုတွေ ဟာ အိမ်ထောင်သက်တမ်းကြာမြင့်တဲ့ စုံတွဲတွေမှာဆိုရင် ၂၀ ရာခိုင်နှုန်းက အသက် ၄၀ နှစ်အရွယ်မှာ သူတို့ရဲ့ အိမ်ထောင်သည်ဘဝကို စွန့်ပစ်ချင်လာတဲ့စိတ်တွေ ဖြစ်ပေါ်တယ်လို့ သုတေသနပြုတွေ့ခဲ့ရ တယ်လို့ ဖော်ပြထားပါတယ်။

မေ(ရွှေအင်းလေး)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment