News Uncategorized

မျက်စင်းဆေးနဲ့အပြင်းစားစူပါဂလူးကော်မှားခတ်မိလို့ မျက်လုံးထိခိုက်သွားတဲ့အမေရိကန်အမျိုးသား

အမေရိကန်ပြည်ထောင်စုက အမျိုးသားတစ်ဦးဟာ မျက်စင်းခတ်ဆေးနဲ့ အပြင်းစားစူပါဂလူးကော်နဲ့ မှားပြီး မျက်စိကိုခတ်ထည့်မိပြီးနောက်မှာ အခုလိုပဲ ထိတ်လန့်စရာကောင်းတဲ့ မျက်လုံးထိခိုက်ခြင်း အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါဟာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ မတော်တဆမှုမျိုးမဟုတ်ပေမယ့်  အမှတ်တမဲ့နဲ့ အထင်မှားကာ မှားယွင်းပြီးအသုံးပြုမိသွားတာဖြစ်ပါတယ်။

ကော်ဘူးနဲ့ မျက်စင်းခတ်ဆေးဘူးတို့ဟာ ဘူးအနေအထားပုံစံခြင်း မကွာဟတာကြောင့် အဆိုပါ အမျိုးသားဟာ မျက်လုံးအမြင်အာ ရုံမကြည်လင်တာကို သန့်ရှင်းစေဖို့အတွက် မှားယွင်းပြီး အသုံးပြု  လိုက်မိတာဖြစ်တယ်လို့ သိရပါတယ်။ အပြင်းစားနဲ့ ကပ်အားကောင်း လွန်းတဲ့ စူပါကလူးကော်တွေ ကြောင့် သူ့ရဲ့ မျက်ဝန်းတစ်ဝိုက်မှာဆိုရင် ကော်နဲ့ကော်အရည်တွေကိုကပ်ပြီး မျက်တောင်နဲ့ မျက်လုံး တစ်ဝိုက်အသားတွေမှာ တောင့်တင်းသွားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ဒီအခြေအနေတွေက အခြားသူတွေဖြစ်ခဲ့တဲ့ မတော်တဆမှုတုန်းကထက်စာရင် ကံကောင်း သေးတဲ့ အခြေအနေလည်းဖြစ် တယ်လို့ သိရပါတယ်။ ပူပြီးလောင်စပ်တဲ့ ကော်ကြောင့် မျက်လုံးတစ် ဝိုက်မှာ ယောင်ယမ်းခဲ့ပြီးတော့ အတွင်းသားတွေ နီမြန်းတဲ့အခြေ အနေနဲ့ မျက်လုံးပွင့်လျှက်သားဖြစ် နေခဲ့တယ်လို့ သိရပါတယ်။

မေ(ရွှေအင်းလေး)

( ဒီသတင်းကို Takhon ဧ။် မိတ်ဖက်အွန်လိုင်းမီဒီယာ Shweinnlay မှကူးယူဖော်ပြပါသည် )

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment