News Tech News

Sony Xperia XA2 , XA2 Ultra နဲ့ L2 ရဲ့ ပုံရိပ်များထွက်ပေါ်

Sony Xperia XA2 , XA2 Ultra နဲ့ L2 ရဲ့ ဓါတ်ပုံများထွက်ပေါ်လာခဲ့ပါတယ်။ ဓာတ်ပုံတွေကတော့  စမတ်ဖုန်း သတင်းများကို ကြိုတင်ဖွင့်ချရာမှာ နာမည်ကြီးတဲ့ Evan Blass ထံကနေ ပေါက်ကြားထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
ယခင်နှစ်ထုတ် မော်ဒယ်များရဲ့ MediaTek ပရိုဆက်ဆာ များအစား Qualcomm Snapdragon 630 Chip များကို ပြောင်းလဲတပ်ဆင်ထားပါတယ်။

ဖုန်းသုံးလုံးစလုံးရဲ့ အနောက်ဘက်မှာ လက်ဗွေရာအာရုံခံ ကိရိယာများကို ပြောင်းရွှေ့တပ်ဆင်ထားပါတယ်။ ဒီဇိုင်းအပိုင်းမှာတော့ သူတို့ဟာ ယခင်နှစ်ထုတ် မော်ဒယ်များနဲ့ တူညီကြပါတယ်။ မျက်နှာပြင် အထက်မှ ဘောင်ဟာ ကြီးမားပေမယ့် ဘေးဘက်နဲ့ အောက်ဘက်မှ ဘောင်များဟာ အလွန်ပါးလွှာပါတယ်။

XA2 ရဲ့စကရင်အရွယ်အစားဟာလည်း ၅.၂ လက်မ ဖြစ်လာပြီး XA1 ထက် ၀.၂ လက်မ ပိုမိုကြီးမားလာပါတယ်။ Full HD Resolution သို့ တိုးတက်လာပါတယ်။ XA2 Ultra မှာ ယခင်မော်ဒယ်မှာလို ၆ လက်မ Full HD Display ပါရှိပါတယ်။အခြား Specifications များကတော့ ယခင်နှစ်ထုတ် မော်ဒယ်များနဲ့ တူညီကြပါတယ်။

XA2 မှာ 3GB RAM, 32GB Storage နဲ့ XA2 Ultra မှာ 4GB RAM/ 64GB Storage များ ထည့်သွင်းထားပါတယ်။ ကင်မရာများကိုတော့ အဆင့်မြှင့်ထားပါတယ်။ XA2 မှာ 21MP နောက်ကျောဘက် ကင်မရာနဲ့ 7MP Selfie ကင်မရာ များပါပါတယ်။ XA2 Ultra မှာ အနောက်ကင်မရာက တူညီပေမယ့် အရှေ့ဘက်မှာ 15MP Dual Camera များ ပါပါတယ်။ အဲဒီဖုန်းများကို ယခုလထဲမှာ ကျင်းပမယ့် CES သို့မဟုတ် နောက်လမှာ ကျင်းပမယ့် MWC ပွဲများမှာ မိတ်ဆက်နိုင်ပါတယ်။

kk(shweinnlay)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment