Tech News

M6s ကို မှတ်ပုံတင်လိုက်တဲ့ Meizu

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Meizu အနေနဲ့ လျှို့ဝှက်အမည် Blue Charm လို့ ပေးထားတဲ့ M6s စမတ်ဖုန်းကို ဇန်န၀ါရီလ ၁၇ ရက်နေ့မှာမိတ်ဆက်မှာ ဖြစ်ပါတယ်။ အစောပိုင်းကာလ သတင်းတွေအရတော့ မေလမှာ မိတ်ဆက်ပေးမယ်လို့ သတင်းထွက်ခဲ့တာပါ။ အခုတော့ Meizu အနေနဲ့ စမတ်ဖုန်းသစ်ကို တရုတ်ဆက်သွယ်ရေး ကော်မရှင် TENAA မှာ မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်များအရ သူ့ရဲ့ ဓါတ်ပုံနဲ့ Specifications များလည်း ထွက်ပေါ်လာပါတယ်။
သူ့မှာ 18:9 Touchscreen တပ်ဆင်ထားမှာ ဖြစ်ပြီး စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။

၅.၇ လက်မ 1440×720 Display ပါလာမှာပါ။ Samsung Exynos 7872 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။ 3GB RAM , 32GB Internal Storage များ ထည့်ပေးထားမှာ ဖြစ်ပါတယ်။ 18W Fast Charging ပါတဲ့ 3000mAh Battery ပါပါတယ်။ ညာဘက်ခြမ်း ပါဝါ ခလုတ်အောက်မှာ သီးခြား လက်ဗွေရာအာရုံခံ ကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။သူ့ရဲ့ အရှေ့ဘက်ဟာ Xiaomi Redmi 5 နဲ့ ဆင်တူပါတယ်။ တန်ဖိုးကတော့ ၁၅၄ ဒေါ်လာဝန်းကျင် တန်ကြေးရှိနိုင်ပါတယ်။

kk(shweinnlay)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment