News sport

ကမ႓ာ့ဝင္ေငြအေကာင္းဆံုး အားကစားသမားမ်ား

၁။ စီေရာ္နယ္ဒို

စီေရာ္နယ္ဒိုက ဒီစာရင္းမွာ ထိပ္ဆံုးက ရွိေနခဲ့ပါတယ္။ အသက္ ၃၆ ႏွစ္အရြယ္အထိ ဆက္ရွိေနမယ့္ စာခ်ဳပ္ကို ရီးရဲလ္နဲ႔ ခ်ဳပ္ဆိုခဲ့အၿပိးမွာ ရီးရဲလ္ဟာ စီေရာ္နယ္ဒိုကို ေလးႏွစ္အတြက္ လုပ္ခလစာ အနည္းဆံုး ေဒၚလာ သန္း ၅၀ ေပးခဲ့ရဖြယ္ရွိပါတယ္။ Nike ကုမၸဏီဆီက စပြန္ဆာဝင္ေငြနဲ႔ ေပါင္းလိုက္ရင္ သူဟာ ေဒၚလာ ၁ ဘီလ်ံအထိ ရရွိဖြယ္ရွိၿပီးေတာ့ သူ႔ရဲ႕ ကိုယ္ပိုင္ Brand တစ္ခုျဖစ္တဲ့ CR7 အဝတ္အစား၊ ဖိနပ္၊ ဦးထုပ္နဲ႔ ဟိုတယ္ ဝင္ေငြကလည္း မနည္းလွတာေၾကာင့္ ကမ႓ာ့ဝင္ေငြအေကာင္းဆံုး ကစားသမားစာရင္းမွာ ထိပ္ဆံုးက ရွိေနခဲ့ပါတယ္။ စုစုေပါင္းဝင္ေငြဟာ ၉၃ မီလီလ်ံအထိ ရွိဖြယ္ ျဖစ္ႏိုင္ေၾကာင္း Forbes က ခန္႔မွန္းခဲ့ပါတယ္။

၂။ လီဘရြန္ဂ်ိမ္းစ္

NBA စားသမားျဖစ္သူ ဂ်ိမ္းစ္က ဒီစာရင္းမွာ ဒုတိယေနရာက ရွိေနခဲ့ပါတယ္။ ၂၀၁၆-၁၇ ရာသီမွာ လီဘရြန္ဂ်ိမ္းစ္အေနနဲ႔ ေဒၚလာ ၃၁ သန္းအထိ ရရွိခဲ့ၿပီးေတာ့ မိုက္ကယ္ေဂ်ာ္ဒန္ နဲ႔ ကိုဘီဘ႐ိုင္ယန္တို႔ေနာက္ လစာအမ်ားဆံုး တတိယေျမာက္ NBA စားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး သူ႔ရဲ႕ ဝင္ေငြအရပ္ရပ္ဟာ ၂၀၁၇ ခုႏွစ္မွာဆို ေဒၚလာ ၈၆ သန္းေက်ာ္ ရွိခဲ့ပါတယ္။

၃။ လီယြန္နယ္မက္ဆီ

စီေရာ္နယ္ဒိုရဲ႕ မဟာၿပိဳင္ဘက္ႀကီး မက္ဆီကေတာ့ တတိယေနရာမွာ ရပ္တည္ေနခဲ့ၿပီးေတာ့ ဒီဇင္ဘာလအတြင္းမွာ Adidas နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။ ဂ်ာမန္အားကစားကုမၸဏီဆီမွ မက္ဆီဟာ ေဒၚလာ ၂၇ သန္းအထိ ရရွိခဲ့ၿပီး ဘာစီလိုနာမွာ ရရွိခဲ့တဲ့ လစာေတြနဲ႔ ေပါင္းလိုက္ရင္ သူ႔ရဲ႕ဝင္ေငြဟာ ေဒၚလာ သန္း ၈၀ အထိ ရရွိခဲ့ပါတယ္။

၄။ ေရာ္ဂ်ာဖက္ဒါရာ

ဂရင္းစလင္းခ်န္ပီယံမ်ားဆုရွင္ ဆြစ္ဇာလန္ တင္းနစ္သမားႀကီးဟာ ဒဏ္ရာျပသနာကေန ႐ုန္းထြက္ႏိုင္ခဲ့ၿပီးေနာက္ ဂရင္းစလင္းဆုဖလား ၁၈ ႀကိမ္ေျမာက္ ရရွိမႈနဲ႔အတူ တင္းနစ္သမိုင္းမွာ မွတ္တမ္းဝင္ခဲ့ပါတယ္။ ဖက္ဒါရာရဲ႕ တင္းနစ္ဆုေၾကးေငြ စုစုေပါင္း ရရွိခဲ့သမွ်ဟာ ေဒၚလာ ၁.၄ ဘီလ်ံအထိ ရွိခဲ့ၿပီး စပြန္ဆာကုမၸဏီစုစုေပါင္း ၉ ခုနဲ႔ လက္တြဲႏိုင္ခဲ့တဲ့ ဖက္ဒါရာဟာ တစ္ႏွစ္စာ ဝင္ေငြအရပ္ရပ္ဟာ ေဒၚလာ ၆၄ သန္းရွိခဲ့ၿပီးေတာ့ သူတည္ေထာင္ထားတဲ့ ေဖာင္ေဒးရွင္းဟာ အာဖရိကေဒသမွာဆို ပညာေရးအလွဴေငြအျဖစ္ ေဒၚလာ သန္း ၃၀ အထိ လွဴဒါန္းၿပီးျဖစ္ပါတယ္။

၅။ ကီဗင္ဒူးရန္႔

ေအာ္ကလာဟိုးမားအသင္းကေန ဂိုးလ္ဒင္းစတိတ္ကို ေျပာင္းေရႊ႕ခဲ့တဲ့ ကီဗင္ဒူးရန္႔ရဲ႕ အေျပာင္းအေရႊ႕ဟာ NBA အသိုင္းအဝန္းၾကားမွာ အံ့အားသင့္စရာျဖစ္ခဲ့ရပါတယ္။ စပြန္ဆာကုမၸဏီ ေျခာက္ခုေလာက္နဲ႔ လက္တြဲထားတဲ့ ကီဗင္ဒူးရန္႔ဟာ ၂၀၁၄ ခုႏွစ္က Nike နဲ႔ ဆယ္ႏွစ္သက္တမ္းရွိတဲ့ သပြန္ဆာစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီး စုစုေပါင္း ေဒၚလာ သန္း ၃၀၀ အထိ ရရွိမွာပါ။ ဒါေၾကာင့္မို႔ သူ႔ရဲ႕ ဝင္ေငြဟာ ႐ုတ္ခ်ည္းျမင့္တက္လာခဲ့ၿပီး တစ္ႏွစ္အတြင္းမွာတင္ ေဒၚလာ ၆၀.၆ သန္းထိ ရွိခဲ့ပါတယ္။

Unicode Version

၁။ စီရော်နယ်ဒို

စီရော်နယ်ဒိုက ဒီစာရင်းမှာ ထိပ်ဆုံးက ရှိနေခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ်အထိ ဆက်ရှိနေမယ့် စာချုပ်ကို ရီးရဲလ်နဲ့ ချုပ်ဆိုခဲ့အပြိးမှာ ရီးရဲလ်ဟာ စီရော်နယ်ဒိုကို လေးနှစ်အတွက် လုပ်ခလစာ အနည်းဆုံး ဒေါ်လာ သန်း ၅၀ ပေးခဲ့ရဖွယ်ရှိပါတယ်။ Nike ကုမ္ပဏီဆီက စပွန်ဆာဝင်ငွေနဲ့ ပေါင်းလိုက်ရင် သူဟာ ဒေါ်လာ ၁ ဘီလျံအထိ ရရှိဖွယ်ရှိပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် Brand တစ်ခုဖြစ်တဲ့ CR7 အဝတ်အစား၊ ဖိနပ်၊ ဦးထုပ်နဲ့ ဟိုတယ် ဝင်ငွေကလည်း မနည်းလှတာကြောင့် ကမ႓ာ့ဝင်ငွေအကောင်းဆုံး ကစားသမားစာရင်းမှာ ထိပ်ဆုံးက ရှိနေခဲ့ပါတယ်။ စုစုပေါင်းဝင်ငွေဟာ ၉၃ မီလီလျံအထိ ရှိဖွယ် ဖြစ်နိုင်ကြောင်း Forbes က ခန့်မှန်းခဲ့ပါတယ်။

၂။ လီဘရွန်ဂျိမ်းစ်

NBA စားသမားဖြစ်သူ ဂျိမ်းစ်က ဒီစာရင်းမှာ ဒုတိယနေရာက ရှိနေခဲ့ပါတယ်။ ၂၀၁၆-၁၇ ရာသီမှာ လီဘရွန်ဂျိမ်းစ်အနေနဲ့ ဒေါ်လာ ၃၁ သန်းအထိ ရရှိခဲ့ပြီးတော့ မိုက်ကယ်ဂျော်ဒန် နဲ့ ကိုဘီဘရိုင်ယန်တို့နောက် လစာအများဆုံး တတိယမြောက် NBA စားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သူ့ရဲ့ ဝင်ငွေအရပ်ရပ်ဟာ ၂၀၁၇ ခုနှစ်မှာဆို ဒေါ်လာ ၈၆ သန်းကျော် ရှိခဲ့ပါတယ်။

၃။ လီယွန်နယ်မက်ဆီ

စီရော်နယ်ဒိုရဲ့ မဟာပြိုင်ဘက်ကြီး မက်ဆီကတော့ တတိယနေရာမှာ ရပ်တည်နေခဲ့ပြီးတော့ ဒီဇင်ဘာလအတွင်းမှာ Adidas နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဂျာမန်အားကစားကုမ္ပဏီဆီမှ မက်ဆီဟာ ဒေါ်လာ ၂၇ သန်းအထိ ရရှိခဲ့ပြီး ဘာစီလိုနာမှာ ရရှိခဲ့တဲ့ လစာတွေနဲ့ ပေါင်းလိုက်ရင် သူ့ရဲ့ဝင်ငွေဟာ ဒေါ်လာ သန်း ၈၀ အထိ ရရှိခဲ့ပါတယ်။

၄။ ရော်ဂျာဖက်ဒါရာ

ဂရင်းစလင်းချန်ပီယံများဆုရှင် ဆွစ်ဇာလန် တင်းနစ်သမားကြီးဟာ ဒဏ်ရာပြသနာကနေ ရုန်းထွက်နိုင်ခဲ့ပြီးနောက် ဂရင်းစလင်းဆုဖလား ၁၈ ကြိမ်မြောက် ရရှိမှုနဲ့အတူ တင်းနစ်သမိုင်းမှာ မှတ်တမ်းဝင်ခဲ့ပါတယ်။ ဖက်ဒါရာရဲ့ တင်းနစ်ဆုကြေးငွေ စုစုပေါင်း ရရှိခဲ့သမျှဟာ ဒေါ်လာ ၁.၄ ဘီလျံအထိ ရှိခဲ့ပြီး စပွန်ဆာကုမ္ပဏီစုစုပေါင်း ၉ ခုနဲ့ လက်တွဲနိုင်ခဲ့တဲ့ ဖက်ဒါရာဟာ တစ်နှစ်စာ ဝင်ငွေအရပ်ရပ်ဟာ ဒေါ်လာ ၆၄ သန်းရှိခဲ့ပြီးတော့ သူတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းဟာ အာဖရိကဒေသမှာဆို ပညာရေးအလှူငွေအဖြစ် ဒေါ်လာ သန်း ၃၀ အထိ လှူဒါန်းပြီးဖြစ်ပါတယ်။

၅။ ကီဗင်ဒူးရန့်

အော်ကလာဟိုးမားအသင်းကနေ ဂိုးလ်ဒင်းစတိတ်ကို ပြောင်းရွှေ့ခဲ့တဲ့ ကီဗင်ဒူးရန့်ရဲ့ အပြောင်းအရွှေ့ဟာ NBA အသိုင်းအဝန်းကြားမှာ အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ စပွန်ဆာကုမ္ပဏီ ခြောက်ခုလောက်နဲ့ လက်တွဲထားတဲ့ ကီဗင်ဒူးရန့်ဟာ ၂၀၁၄ ခုနှစ်က Nike နဲ့ ဆယ်နှစ်သက်တမ်းရှိတဲ့ သပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ သန်း ၃၀၀ အထိ ရရှိမှာပါ။ ဒါကြောင့်မို့ သူ့ရဲ့ ဝင်ငွေဟာ ရုတ်ချည်းမြင့်တက်လာခဲ့ပြီး တစ်နှစ်အတွင်းမှာတင် ဒေါ်လာ ၆၀.၆ သန်းထိ ရှိခဲ့ပါတယ်။

ျပန္လည္မွ်ေဝလိုက္ပါ..
TaKhon အြန္လိုင္းစာမ်က္ႏွာ တြင္ေဖာ္ျပထားေသာ Post မ်ားသည္ ကိုယ္ပိုင္မဟုတ္ပါ။ အမ်ားျပည္သူ ဖတ္ရအဆင္ေျပေအာင္ ေဖ့ဘြတ္စာမ်က္ႏွာတြင္ျပန႔္က်ဲေနေသာ သတင္းေဆာင္းပါးမ်ားကို ကူးယူေဖာ္ျပထားပါသည္။ သို႔ျဖစ္ေသာေၾကာင့္ ကူးယူေဖာ္ျပခံရေသာ မီဒီယာမ်ားအေနျဖင့္ မိမ္တို႔၏ content မ်ားကု္ ကူးယူေဖာ္ျပျခင္းကို ကန႔္ကြက္လိုပါက [email protected] ကို အီးေမလ္း ေပးပို႔ႏိုင္ပါသည္။

Leave a Comment