Entertainment Local Celebrity

ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားမှာ မြင်တွေ့ရတော့မယ့် 2NE1 အဖွဲ့ဝင်ဟောင်း CL

CL က ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တော့မယ့်အကြောင်း သူမရဲ့အင်စတာဂရမ်ကတစ်ဆင့် သိရပါတယ်။

Friday Night Lights နှင့် Lone Survivor ရုပ်ရှင်ဇာတ်ကားတွေအပါအဝင် နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင်ကားတွေကို ရိုက်ကူးတတ်တဲ့ သရုပ်ဆောင်နှင့်ဒါရိုက်တာ John Malkovich နဲ့အတူ ရိုက်ကူးထားတဲ့ဓာတ်ပုံကို CL က သူမရဲ့အင်စတာဂရမ်မှာ မျှဝေခဲ့ပါတယ်။

ရုပ်ရှင်ဇာတ်ကားအမည်က Mile 22 ဖြစ်ပါတယ်။ CL က ဘယ်လိုဇာတ်ကောင်ပုံစံနဲ့ ပါဝင်ထားသလဲဆိုတာကတော့ အသေအချာ မသိရှိရသေးပါဘူး။ ဒါ့အပြင် မင်းသား Mark Wahlberg နှင့် မင်းသမီး Ronda Rousey ပါဝင်တယ်လို့ သိရှိရပါတယ်။ ဒီလိုနာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားတာကြောင့် ရုပ်ရှင်ကားကတော့ စိတ်ဝင်စားမှု မြှင့်တက်နေပေမဲ့ ဇာတ်ကားထွက်ရှိမယ့်ရက်ကို မသိရှိရသေးပါဘူး။

ခမ်းမူး (ရွှေအင်းလေး)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment