LifeStyle

အိမ်ထောင်မပြုဘဲလည်း ပျော်ပျော်ကြီးနေသွားနိုင်တဲ့ အကြောင်းတွေ

အသက်အရွယ်လေး နည်းနည်းရလာတာနဲ့ အသိုင်းအဝိုင်း၊ပတ်ဝန်းကျင်က ခနဲ့သလို၊ရွဲ့သလို၊သနားသလို၊အထင်အမြင်သေးသလို ပုံစံများဖြင့် လက်မထပ်သေးဘူးလား ဆိုတဲ့ မေးခွန်းတွေကို အမေးခံရလေ့ ရှိကြပါတယ်။လက်မထပ်ဘဲလည်း ပျော်ပျော်ကြီး နေသွားနိုင်ကြတဲ့ မိန်းမ၊ယောက်ျား အများကြီးရှိပါတယ်။တစ်စုံတစ်ဦးနှင့် လက်ထပ်ပြီ အိမ်ထောင်သားမွေးပြု ၊အိမ်ထောင့်တာဝန်တွေ ထမ်းဆောင်ရမှ လူပီပီသသ ပျော်ရွှင်နိုင်တာ မဟုတ်ပါဘူး။ဒါတွေကို လက်မထပ်ရသေးတဲ့ သူတွေအသိဆုံးပါ။လက်မထပ်ဘဲနဲ့လည်း ဘယ်လိုတွေ ပျော်ပျော်နေနိုင်သလဲဆိုတာကို အောက်မှာကြည့်လိုက်ပါ။

၁။အိမ်ထောင်ဘက်ဆိုတာမဖြစ်မနေလိုအပ်တဲ့အရာမဟုတ်ပါ

Single ဖြစ်နေခြင်းက ရှက်စရာ၊သနားစရာ၊သိမ်ငယ်စရာကိစ္စတစ်ခု မဟုတ်ပါဘူး။ဘဝမှာ အသက်ရှင်နေပျော်ဖို့အတွက် အိမ်ထောင်ဖက်ရှိဖို့ မဖြစ်မနေ မလိုအပ်ပါဘူး။လူမှုဘဝမှာ အဆင်ပြေအောင် နေထိုင်တတ်မယ်ဆို လက်မထပ်ဘဲနေခြင်းက ပိုလွတ်လပ်ပြီးတောင် ကျေနပ်ပျော်ရွှင်ဖွယ် ကောင်းနေပါသေးတယ်။

၂။လက်မထပ်ဘဲလည်းမိသားစုရှိနိုင်တယ်

အချို့တွေကပြောကြတယ်။လက်မထပ်တော့ မျိုးဆက်တုန်းပြီ၊မိသားစုမတည်ဆောက်နိုင်တော့ဘူးတဲ့။ဒါဟာ လူနေမှုဘဝမှာ တော်တော်ရှုပ်ထွေးတဲ့ အရာတစ်ခုပါ။အကယ်၍ သင်ဟာ မကောင်းတဲ့သူနဲ့လက်ထပ်မိလိုက်ပြီး ကလေးမွေးတဲ့အခါ ထိုကလေးရှေ့မှာ သင်တို့နှစ်ယောက်ရဲ့ အဆင်မပြေရန်ဖြစ်မှုတွေကိုသာ ပြနေရမှာပါ။ဒီလိုအခြေအနေတွေဟာ ကိုယ့်ရဲ့ကလေးအတွက် မကောင်းတဲ့သက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။မိသားစုတစ်ခုတည်ဆောက်ဖို့အတွက် ဘာတွေကိုအဓိက လိုအပ်သလဲဆိုလျှင် ပထမဦးဆုံးအနေဖြင့် အချစ်ရှိရမယ်၊တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဂရုစိုက်ကြင်နာပြီး လေးစားမှုလည်း ရှိရပါမယ်။ဒါမှသာ မိမိကလေးရဲ့ ငယ်ဘဝကလည်း ပျော်ရွှင်စရာဖြစ်မှာပါ။အကယ်၍သာ ဒီလိုမဟုတ်ဘူးဆိုလျှင်တော့ မိသားစုဖြစ်လာလည်း စိတ်ဆင်းရဲမှုတွေသာ ပိုင်ဆိုင်နေရမှာပါ။ဒါကြောင့် လက်ထပ်ခြင်းက ပျော်ရွှင်ဖို့အတွက် အဓိကမကျဘူးလို့ ပြောကြတာပါ။ အကယ်၍ မိသားစုလို သားသမီးတွေကို ပျိုးထောင်ချင်လျှင်တော့ ကျော်ကြားတဲ့ အနုပညာရှင်တွေလို ကလေးမွေးစားပြီး ပျော်ပျော်ရွှင်ရွှင် နေသွားလို့လည်း ရပါတယ်။

၃။ပူပင်ကြောင့်ကြမှုကင်းစွာနေထိုင်နိုင်မယ်

အကယ်၍ သင်ဟာ လွတ်လပ်မှုကို မြတ်နိုးသူတစ်ယောက်ဆိုလျှင်တော့ လက်ထပ်ခြင်းလမ်းကြောင်းကို ရွေးချယ်ခြင်းက မှန်ကန်မယ်လို့ မထင်ပါဘူး။လက်ထပ်ခြင်းက သမီးရည်းစားဆက်ဆံရေးလိုမဟုတ်တော့ဘဲ အမှန်တကယ် ဘဝတစ်ခု ဖြစ်လာတာပါ။တစ်လှေတည်းစီးနေတဲ့ ခရီးသွားနှစ်ယောက်လိုပါပဲ။လက်ထပ်လိုက်ပြီဆိုတာနှင့် ကိုယ့်ရဲ့ဆုံးဖြတ်ချက်၊လုပ်ဆောင်ချက်တွေဟာ ကိုယ့်ရဲ့ အိမ်ထောင်ဘက်အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မယ်ဆိုတာကို သိထားရပါမယ်။မည်သို့သော ကိစ္စကိုပဲလုပ်လုပ် ၁ကြိမ်ထက်ပိုပြီး စဉ်းစားရပါတော့မယ်။အိမ်ထောင်ဘက်ကို တီးတိုးတိုင်ပင်ရပါမယ်။ဒါဟာ သဘာဝကျတဲ့ အိမ်ထောင်ရေးပါပဲ။single တွေရဲ့ အားသာချက်ကတော့ ဒါတွေကိုတွေးစရာမလို ၊မိမိသဘောအတိုင်း လွတ်လပ်စွာ နေထိုင်ခွင့်ရှိတာပါပဲ။

၎။လက်ထပ်ပြီးလည်းအထီးကျန်နိုင်တယ်

အိမ်ထောင်ပြုလိုက်လျှင် အထီးကျန်မှုတွေဝေးပြီး အမြဲနွေးထွေးပျော်ရွှင်နေမယ်လို့ ဘယ်သူပြောလဲ…Single ဖြစ်ခြင်းက တစ်ခါတစ်လေ အထီးကျန်ကောင်း ကျန်နိုင်ပါတယ်။သို့သော်လည်း လက်ထပ်ခြင်းမှာလည်း အထီးကျန်မှုတွေ ဆက်လက်တည်ရှိနေတတ်ပါတယ်။ အိမ်ထောင်ကျပြီးတိုင်း အထီးမကျန်တော့ဘူးလို့ မရှိပါဘူး။တစ်ခါတစ်လေမှာ အိမ်ထောင်သည်တွေက ပိုပြီးအထီးကျန်မှုတွေတောင် ရှိတတ်ပါတယ်။အိမ်ထောင်ကျကာ သူငယ်ချင်း၊အပေါင်းအသင်းတွေနှင့်ဝေးသွားသလို မိမိရဲ့ အိမ်ထောင်ဘက်မှာလည်း ကိုယ့်အပေါ် ဂရုစိုက်ကြင်နာမှုမရှိတော့တဲ့အခါ သူတို့အတွက် အဖော်ပြုစရာဆိုတာ မရှိတော့လို့ တခါတရံ သူတို့က ပိုပြီးတောင် အထီးကျန်နိုင်ပါသေးတယ်။အထီးကျန်လို့ အိမ်ထောင်ပြုမယ်ဆိုလျှင်တော့ နိုးပါ။နောက်တစ်ခေါက်လောက် ပြန်စဉ်းစားဖို့ ပြောချင်ပါတယ်။

၅။မိသားစု၊သူငယ်ချင်းတန်ဖိုးကို ပိုသိလာမယ်

တစ်ခါတစ်လေ အချစ်ရေး ၊အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေကြုံတဲ့အခါ မိသားစု၊သူငယ်ချင်းတွေရဲ့ တန်ဖိုးကို သိမြင်လာတတ်ကြပါတယ်။အမှန်တကယ်အားဖြင့် ကိုယ့်ရဲ့ မိသားစု၊သူငယ်ချင်းကောင်းဆိုတာ ဘဝအတွက် အရေးပါတဲ့ အဖော်မွန်ကောင်းတွေပါ။တစ်ခါတစ်လေ အချစ်နဲ့တွေ့တဲ့အခါ ဒီလိုအဖော်မွန်ကောင်းတွေကို မေ့လျော့သွားတတ်ပါတယ်။အကယ်၍ ကိုယ့်အနားမှာ ပြီးပြည့်စုံကောင်းမွန်တဲ့ မိသားစု နဲ့ သူငယ်ချင်းကောင်းတွေကို ပိုင်ဆိုင်ထားရလျှင် တန်ဖိုးထားတတ်ကာ အချိန်တွေ ကုန်ဆုံးပါ။နောင်မှရလာမယ့် နောင်တတွေကို မယူလိုက်ပါနဲ့။

CHAN (ရွှေအင်းလေး)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment