News sport




credit-photo

M2O

 

Man Of The Matchဆုအတွက် အင်တာနက်5GB ပေး

ဘောလုံးပွဲစဉ်တစ်ပွဲ ယှဉ်ပြိုင်ပြီးတိုင်းမှာ ထိုပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု(Man of the match)ဆုပေးလေ့ရှိပါတယ်။ ဒီဆုဟာ အများအားဖြင့် ငွေသားနှင့် အမှတ်တရပစ္စည်း တစ်ခုခု ဖြစ်လေ့ရှိတာပါ။ ဒီဆုပေးမှုပုံစံက ကမ္ဘာ့လိဂ်အသီးသီးမှာ အသုံးပြုတဲ့ပုံစံဆိုရင်လည်း မမှားပါဘူး။

ဒါပေမဲ့ တောင်အာဖရိကမှာတော့ ဒီလိုမဟုတ်ပါဘူး။ တောင်ဖရိကနိုင်ငံမှာ ကျင်းပတဲ့လိဂ်ပြိုင်ပွဲတစ်ခုမှာမှာတော့ ကစားသမားတစ်ယောက် Man Of The Matchဆုရရင် ဆုအဖြစ်အင်တာနက် 5GBချီးမြှင့်ပေးတာပါ။ တောင်အာဖရိကမှာ အင်တာနက်အသုံးပြုခက ကြီးမားတာကြောင့် ယခုကဲ့သို့ ချီးမြှင့်တာဖြစ်ပြီး ဆုရတဲ့ကစားသမားကလည်းကျေနပ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုက စပွန်ဆာပေးထားတာကြောင့်လည်းဖြစ်ပါလိမ့်မယ်။

credit to pallpwal

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment