sport

မြန်မာ့ဂုဏ်ဆောင်အောင်လအန်ဆန်၏ချန်ပီယံကာကွယ်ပွဲ ဖေဖော်ဝါရီ ၂၄ ရက်ရန်ကုန်မြို့တွင်ကျင်းပမည်

အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန် မြို့ သုဝဏ္ဏအမျိုးသားအားကစားရုံ (၁)၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် ဇွန် ၃ဝ ရက်တွင် အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန် ပီယံဘစ်ဒက်ရှ်နှင့် ငါးချီပြည့်အောင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံဘွဲကို လွှဲပြောင်းရယူခဲ့သည်။ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင်ထိုးသတ်မည့်ပွဲသည် ၎င်း၏ ပထမဆုံး ချန်ပီယံကာကွယ်ပွဲ ဖြစ်သည်။

သို့သော် အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ပြိုင်ဘက်ကိုမူ သက်ဆိုင်ရာ One Championship အဖွဲ့အစည်းက ထုတ်ပြန် ကြေညာခြင်း မပြုလုပ်သေးဘဲ ပြိုင်ပွဲကျင်းပမည့်ရက်ကိုသာ ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၃ ရက်၊ ၄ ရက်တွင် အတူပူးတွဲ ပြုလုပ်ခဲ့သည့် One Championship ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ WLC ကို သီး ခြားစီ ကျင်းသွားမည်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံရှစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ (WLC-4)ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံတွင် ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၅ နာရီခွဲတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန်သည် ၂ဝ၁၅ ခုနှစ်တွင် ရန်ကုန်မြို့၌ အီဂျစ်နိုင်ငံသား မိုဟာမက်အလီနှင့် စတင်ယှဉ် ပြိုင် ထိုးသတ်ခဲ့ပြီးနောက် ၂ဝ၁၆ ခုနှစ်တွင် ပိုလန်နိုင်ငံသား ပက်စတနက်၊ ၂ဝ၁၇ ခုနှစ်တွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဘစ်ဒက်ရှ်၊ ဟဲဗီးဝိတ်တန်းကစားသမား ဂါလာနီတို့ဖြင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အားလုံးကို အနိုင်ရရှိအောင် စွမ်း ဆောင်နိုင်ခဲ့သည်

from myammarmapar

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment