Tech News

LG K10( 2017) မှာပါဝင်တဲ့ စွမ်းဆောင်ချက်များ

ပြည်တွင်း စမတ်ဖုန်းဈေးကွက်ထဲမှာ သင့်တော်တဲ့ဈေးနှုန်းနဲ့ ထိုးဖောက်ဝင်ရောက်နေတဲ့ စမတ်ဖုန်းတမျိုးရှိနေပြီး သူကတော့ LG K10 ပဲဖြစ်ပါတယ်။ LG K10 ရဲ့ မျက်နှာပြင်အရွယ်အစားကတော့ 5.3 လက်မရှိတာကြောင့် လက်မှာကိုင်ထားရင်ဆုပ်ကိုင်လို့ရတဲ့ အရွယ်အစားတစ်ခုဖြစ်တဲ့အပြင် အလေးချိန် 142g ပဲရှိပါတယ်။ ဓာတ်ပုံ ၊ ဗီဒီယို နဲ့ အမျိုးမျိုးသော Social Platform တွေအသုံးပြုတဲ့အခါ ရုပ်ထွက်ကောင်းစေဖို့အတွက် အထောက်အပံ့ပေးထားတဲ့ Resolution ကတော့ 720 x 1280 Pixels ဖြစ်ပါတယ်။

IPS LCD Capatitive Touchscreen အသုံးပြုထားတဲ့ K10 စမတ်ဖုန်းရဲ့ မျက်နှာပြင်ကို ကာကွယ်ပေးထားတာကတော့ Corning Gorilla Glass 3 ပဲဖြစ်ပါတယ်။ K10 မှာ Android Version 7.0 Nougat ကိုသုံးထားပြီး Apps တွေအသုံးပြုတဲ့အခါ မြန်ဆင်အောင် အသုံးပြုထားတဲ့ Chipset ကတော့Mediatek MT6750 ဖြစ်ပြီး CPU အနေနဲ့ Octa-Core 1.5 GHz Cortex-A53 ကိုအသုံးပြုထားပါတယ်။

စမတ်ဖုန်းမှာ ရုပ်ထွက်ကြည်လင်ပြတ်သားဖို့ အထောက်အပံ့ပေးထားတဲ့ Graphic Processing Unit ကတော့ Mali-T860MP2 ဖြစ်ပါတယ်။ ဒါကြောင့် LG စမတ်ဖုန်းကိုမှ သုံးစွဲသူတွေအတွက် K10(2017)မှာဘယ်လိုစွမ်းဆောင်ချက်တွေ ထည့်သွင်းပေးထားသလဲ လေ့လာကြည့်ရအောင် . . . . . .

K10 ကိုသုံးမယ်ဆိုတာနဲ့ စတင်မြင်တွေ့ရမှာကတော့ သူ့ရဲ့ပုံစံဒီဇိုင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ရှေ့ဘက်မျက်နှာပြင်ပုံစံက U ဒီဇိုင်းလေးပါ။ ဘေးအနားသတ်လိုင်းတွေ တဖြောင့်တည်းဖြစ်နေပြီး ကြည့်ကောင်းတဲ့ 2.5D Arc ဖန်သားကိုသုံးထားပါတယ်။ လက်ထဲမှာကိုင်ဆောင်ရတာ လှပပြီး သက်တောင့်သက်သာ ရှိနေမှာပါ။

မျက်နှာပြင်ဟာ HD display ဖြစ်ပြီး 5.3(13.462cm) နဲ့ဖြစ်ပါတယ်။ နောက်ကျောဘက်မှာ တပ်ဆင်ထားတဲ့ ပါဝါခလုတ်နဲ့ လက်ဗွေဖတ်စနစ်ပေါင်းစပ်မှုကလည်း အရေးပေါ်ဖုန်းကို မြန်ဆန်စွာ ခေါ်ဆိုနိုင်စေဖို့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူအနေနဲ့ အရေးပေါ်ဖုန်းခေါ်ဆိုမှု ကိုသွက်လက်စွာ ပြုလုပ်နိုင်ပါလိမ့်မယ်။ အဲ့လိုခေါ်ဆိုနိုင်ဖို့အတွက်ကတော့ နောက်ကျောဘက် ပါဝါခလုတ်ပေါ်မှာ သီးသန့်သတ်မှတ်မှုတွေ ပြုလုပ်ထားရမှာဖြစ်ပါတယ်။

ပါဝါခလုတ်ပေါ်မှာ ၃ကြိမ်ဆက်တိုက်ဖိနှိပ်ပြီးတော့ ဒီလုပ်ဆောင်ချက်ကိုသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုသာပြုလုပ်ထားမယ်ဆိုရင် ဖုန်းကိုlock ပြုလုပ်ထားချိန်မှာတောင် ချက်ခြင်းခေါ်ဆိုနိုင်ပါလိမ့်မယ်။

ကင်မရာပိုင်းမှာဆိုရင်လည်း 120° wide angle selfie ကင်မရာကိုတပ်ဆင်ပေးထားတာကြောင့် သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်ပုံရိပ်တွေကို မြင်ကွင်းကျယ်ကျယ်နဲ့ ရိုက်ကူးနိုင်ပါလိမ့်မယ်။ သုံးစွဲသူအနေနဲ့ selfie stick တောင်လိုတော့မှာ မဟုတ်ပါဘူး။ selfie ကင်မရာဟာ တောက်ပကောင်းမွန်တဲ့  F2.2 lens နဲ့အတူ 5MP sensor ပေါင်းစပ်ပြီးတော့ ရုပ်ထွက်ကောင်းတဲ့ ပုံရိပ်တွေကို ပေးစွမ်းမှာဖြစ်ပါတယ်။ မတူညီတဲ့ ရှု့ထောင်တွေကနေ portrait ပိုတိုတွေ ရိုက်ကူးနိုင်ပါလိမ့်မယ်။

5MP Selfie မှာ Auto Shot လုပ်ဆောင်ချက်ကိုပါ ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် သုံးစွဲသူအနေနဲ့ Selfie ကင်မရာကို အသုံးပြုပြီး မြင်ကွင်းရှင်း၊ ပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။

နောက်ကျောဘက်ကင်မရာမှာလည်း ပြည့်စုံတဲ့လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားပြီး 13MP အရည်အသွေးရှိမှာဖြစ်ပါတယ်။ ultra-bright F2.2 lens နဲ့အတူ ကြီးမားတဲ့ 1/3″ sensor ကိုသုံးနိုင်မှာပါ။ မှန်ဘီလူးရဲ့စွမ်းဆောင်ချက်ကြောင့် ရှင်းလင်းပြတ်သား၊ အရောင်အရည်အသွေးမှန်တဲ့ ဓာတ်ပုံတွေကို ရရှိနိုင်မှာပါ။ ရိုက်ပြီးသားပုံတွေကိုလည်း လွယ်ကူသွက်လက်စွာ ဝေမျှနိုင်ပါလိမ့်မယ်။

လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေပေါ်တင်ဖို့အတွက် ပြင်ဆင်ပြီးတာနဲ့ Quick Share icon ကိုသာနှိပ်လိုက်ပါ။ လွယ်ကူမြန်ဆန်စွာ ဝေမျှပေးပါလိမ့်မယ်။ အဓိကကင်မရာရဲ့ စွမ်းဆောင်ရည်ကတော့ 13MP နဲ့အတူ f/2.2 ၊ Autofocus ၊ LED Flash တို့ပါဝင်ပြီး Features တွေအနေနဲ့ Geo-Tagging ၊ Touch Focus ၊ Face Detection ၊ HDR စတဲ့ Feature တွေပါဝင်ပါတယ်။ K10 မှာ ဗီဒီယို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ကတော့ 1080P ရှိပြီး တစ်စက္ကန့်မှာ ဖရိန်ပေါင်း ၃၀ခန့်ရိုက်ကူးနိုင်ပါတယ်။

လက်ဗွေဖတ်စနစ်ဟာ ဖုန်းကိုဖွင့်လှစ်သုံးစွဲနိုင်ဖို့ လုပ်ဆောင်ချက်တစ်ခုတည်းသာ မဟုတ်ပါဘူး။ အခြားသောစွမ်းဆောင်ချက်များကိုလည်း ပြုလုပ်နိုင်ပါတယ်။ နောက်ကျောဘက်မှာတပ်ထားတဲ့ fingerprint sensor ဟာသင့်ရဲ့အဆက်အသွယ်တွေကို လုံခြုံစေရုံသာမက touch shutter နဲ့ touch screenshot လုပ်ဆောင်ချက်တွေကိုပါ စွမ်းဆောင်နိုင်ပါတယ်။ ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းမှာဆိုရင်လည်း ချောမွေ့မြန်ဆန်တဲ့ တုံ့ပြန်မှုတွေကို ရရှိစေပါလိမ့်မယ်။

2GB of RAM နဲ့ပေါင်းစပ်ထားတဲ့ 1.5GHz Octa-Core ပရိုဆက်ဆာဟာ ပြေပြစ်မြန်ဆန်တဲ့ လုပ်ဆောင်ချက်ကိုရရှိစေမှာပါ။ photos, videos နဲ့ music တွေအတွက် ဖုန်းရဲ့ အချက်အလက်သိုလှောင်မှု မလောက်ဘူးဆိုရင်လည်း Sd card ကိုသုံးပြီး ထပ်တိုးမြင့်နိုင်မှာပါ။ ဒါကြောင့်ဈေးကွက်အတွင်း ပြိုင်ဘက်စမတ်ဖုန်းတွေထက်စာရင် ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ သွက်လက်တဲ့အသွင်အပြင်ကို ပေးမယ့်ဖုန်းအဖြစ်သတ်မှတ်နိုင်ပါတယ်။

kk(shweinnlay)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment