Tech News

မျက်နှာပြင်အောက် လက်ဗွေရာအာရုံခံကိရိယာ တပ်ဆင်ထားတဲ့ ကမ္ဘာ့ပထမဆုံး ဖုန်းကိုVivo ပြသ

2017 ဒီဇင်ဘာလအတွင်းမှာ Synaptics က စမတ်ဖုန်း မျက်နှာပြင်အောက်မှာ မြှပ်နှံနိုင်တဲ့ လက်ဗွေရာ အာရုံခံ ကိရိယာကို ပြသခဲ့ပါ တယ်။ ကုမ္ပဏီက မျက်နှာပြင်အောက်မှာ လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံထားတဲ့ ပထမဆုံး စမတ်ဖုန်းကို CES 2018 ပွဲမှာ မိတ်ဆက်မယ်လို့ ပြောခဲ့ပါတယ်။

အခုတော့ Vivo က အဲဒီ စမတ်ဖုန်းကို အမေရိကန် ပြည်ထောင်စု လတ်စ်ဗီးဂတ်စ်မှာ ကျင်းပနေတဲ့ Consumer Electronics Show (CES) ပွဲမှာ ပြသလိုက်ပါပြီ။ အဲဒီအတွက် Vivo ဟာ စမတ်ဖုန်းမှာ In-Display Fingerprint နည်းပညာကို ပထမဆုံး ထည့်သွင်းနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။

လက်ဗွေရာအာရုံခံ ကိရိယာကို Mainboard နဲ့ OLED Panel အကြားမှာ ထည့်သွင်းထားပါတယ်။ Vivo ရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌ ဖြစ်သူ Alex Feng က ပိုမို လွယ်ကူ အဆင်ပြေတဲ့ Authentication အတွေ့အကြုံကို ပံ့ပိုးပေးခြင်းဖြင့် စမတ်ဖုန်းလောကရဲ့ စိန်ခေါ်မှုကို ဖြေရှင်းပေးလိုက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်းကို အမြောက်အများ ထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ပြီး ယခုနှစ် အစောပိုင်းမှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ လုံခြုံရေး အဆင့်ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများဖြစ်တဲ့ Samsung Galaxy S8 နဲ့ Vivo X20 တို့မှ လက်ဗွေရာအာရုံခံ ကိရိယာများရဲ့ လုံခြုံရေး အဆင့်နဲ့ တူညီပါတယ်။ ‘Clear ID’ နည်းပညာနဲ့ Vivo စမတ်ဖုန်းကို သိပ်မကြာတော့မယ့် အချိန်မှာ ထုတ်လုပ်လာနိုင်ခြေရှိပါတယ်။

Kk(shweinnlay)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment