Entertainment Local Celebrity

မောင်အရင်ထိုး သီချင်းကို Valentine နေ့အမှီ အွန်လိုင်းပေါ် တင်ပေးမယ့် ဖြိုးပြည့်စုံ

ဖြိုးပြည့်စုံနဲ့ JEWEL တို့ နှစ်ယောက်အတူတူ သီဆိုထားတဲ့ သီချင်းအသစ် “မောင်အရင်ထိုး”သီချင်းကို Valentine နေ့မတိုင်မှီ အွန်လိုင်းကနေ အခမဲ့ ဖြန့်ချီပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီသီချင်း ခေါင်းစဉ်ပေးဖြစ်ပုံနဲ့ ပတ်သတ်လို့ ဖြိုးပြည့်စုံကို မိုမိုလေးက ဆက်သွယ်မေးမြန်းထားပါတယ်။

Image may contain: 1 person

”ဒီသီချင်းလေးက ကိုဝေကြီးရေးပေးထားတာပါ။ ကျွန်တော်နဲ့အတူ JEWELကစုံတွဲသီဆိုပေးထားပါတယ်။ သီချင်းအဓိပ္ပာယ်လေးက ဘာဖြစ်မလဲဆိုတော့ ထွက်လာရင်တော့ သိမှာပါ။ ကျွန်တော်အခုအချိန်မှာတော့ မပြောချင်သေးပါဘူး။ လှို့ဝှက်ထားချင်လို့ပါ။ ဒါပေမယ့် ချစ်သူစုံတွဲတွေနဲ့ ဆိုင်တဲ့ အကြောင်းအရာလေး တစ်ခုပါ အဓိပ္ပာလေးက ချစ်ဖို့ကောင်းပါတယ်”လို့ ဖြိုးပြည့်စုံက ပြောခဲ့ပါသေးတယ်။

Image may contain: 2 people, people smiling, people standing and text

ဒီသီချင်းခေါင်းစဉ်နဲ့ ပတ်သတ်လို့ တစ်ချို့ကလဲ တစ်မျိုးတွေးနေကြတဲ့အပေါ် ဖြိုးပြည့်စုံက”ကျွန်တော်သီချင်းလေးက ပျော်စေချင်တဲ့ စိတ်တစ်ခုနဲ့ ဖန်တီးထားတာပါ။ တစ်ခြားဘာရည်ရွယ်မှ မပါပါဘူး။ ဟာသတစ်ခုအနေနဲ့ တင်ဆက်ထားပါတယ်။ ကျွန်တော်ပရိသတ်ကို နောက်ထားတဲ့ပုံစံမျိုးလေးပါ။

ကျန်တာတော့ သီချင်းလေးထွက်လာမှ ကြည့်ပြီးအားပေးဝေဖန်ပေးကြပါလို့ ပြောချင်ပါတယ်။ ဒီသီချင်းလေးကို ကျွန်တော်Valentine Day နေ့မရောက်ခင် တင်ပေးပါမယ်။ ရက်အတိ အကျတော့ မသိရသေးပါဘူး။ အွန်လိုင်းကနေအခမဲ့ တင်ပေးမှာပါ” လို့ ဖြိုးပြည့်စုံက ပြောခဲ့ပါတယ်။

မိုမိုလေးပရိသတ်ကြီး “မောင်အရင်ထိုး”ဆိုတဲ့ ခေါင်းစဉ်ကြားပြီး တစ်မျိုးမတွေးကြပါနဲ့အုံးနော် ဖြိုးပြည့်စုံကတော့ ဟာသသီချင်းလေးပါတဲ့ ကျန်တာဘာမှမပါပါဘူးတဲ့နော်……။

ဆယ်လီရူး

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment