Entertainment Local Celebrity

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲ (၃) စတင်ဖို့ မနက်ဖြန် သတင်းစာရှင်းလင်းမည်

တစ်နိုင်ငံလုံး စိတ်ဝင်စားမှုကို ရခဲ့တဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲရဲ့ တတိယအကြိမ်ကို စတင်ဖို့ မနက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တော့မယ်လို့ သိရပါတယ်။ကျင်းပလာတာ နှစ်ကြိမ် (နှစ်နှစ်) ရှိပြီဖြစ်တဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲများဟာ မြန်မာပြည်တွင်း စံချိန်တင် အောင်မြင်မှု ရခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် ၃ ကြိမ်မြောက်ကိုလည်း ပရိတ်သတ်တွေ မျှော်လင့်နေကြပါတယ်။မနက်ဖြန် (ဇန်နဝါရီလ ၁၁ ရက်)၊ မနက် ၁၁ နာရီ မှာတော့ ပြိုင်ပွဲကြီး အစပျိုးနိုင်ဖို့အတွက် သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်သွားမယ်လို့ မြန်မာအိုင်ဒေါ တရားဝင်ဖေ့စ်ဘွက်စာမျက်နှာက ကြေညာလာတာ ဖြစ်ပါတယ်။“ဂီတဝါသနာရှင်လူငယ်များ၏ အိမ်မက်များကို အမှန်တကယ် လက်တွေ့ ဖြစ်လာစေခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးက ပရိတ်သတ်များ မျှောင်လင့်စောင့်စားနေကြသော မြန်မာနိုင်ငံ၏ မျိုးဆက်သစ် ဂီတအဆိုရှင်များစွာကို မွေးထုတ်ပေးမည့် မြန်မာအိုင်ဒေါ စီစင် ၃ သီချင်းဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်တော့မည် ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။ဒီနှစ်မှာတော့ ယခင်ကထက် ထူးခြားတဲ့ အစဉ်အစဉ်သစ်တွေ ထည့်သွင်းပြုလုပ်သွားမယ်လို့လည်း ဆိုထားပါတယ်။ Photos Myanmar Idol,Kyaw Htet Aung/ credit pannpwint

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment