Local Celebrity News

Lush Magazine Cover ထက်ကနိုင်ငံကျော်အလှဘုရင်မ(၂)ပါး

နိုင်ငံကျော် မင်းသား မင်းသမီးတွေ ၊ နိုင်ငံကျော် စူပါမော်ဒယ်တွေနဲ့ အလန်းစား ပုံရိပ်တွေရိုက်ကူးတင်ဆက်လေ့ရှိတဲ့ Lush Magazine ဟာ 2017, December လထုတ် Magazine Cover နဲ့ 2018, January လထုတ် Magazine Cover အတွက် နိုင်ငံကျော်ထိပ်တန်းမင်းသမီးနှစ်လက်ဖြစ်တဲ့ ၀တ်မှုံရွှေရည်နဲ့ ဖွေးဖွေးတို့ ညီအစ်မနှစ်ယောက်နဲ့ ရိုက်ကူးထုတ်ဝေခဲ့ပါတယ်။

ပြီးခဲ့တဲ့ 2017, December လထုတ် Lush Magazine Cover မှာ ညှို့ အားပြင်းတဲ့ အလှပုံရိပ်တွေနဲ့ နေရာယူထားခဲ့တာကတော့ ပရိသတ်တွေက ချစ်စနိုးနဲ့ ဖွေးစိန်လို့ ခေါ်ကြတဲ့ ဖွေးဖွေး ခေါ် ရွှေရည်ကိုဦးပဲ ဖြစ်ပါတယ်။ အမြင်ဆန်းပြီး ပရိသတ်တွေကို ဆွဲဆောင်မှုရှိအောင် ပြင်ဆင်ရိုက်ကူးထားတဲ့ ဖွေးစိန်ရဲ့ ချစ်စရာကောင်းတဲ့ Lush Magazine ထဲက အလှပုံရိပ်တွေဟာ ဖွေးစိန်ရဲ့ ပရိသတ်တွေကြားမှာ တော်တော်လေး ပျံ့ နှံ့ ကျော်ကြားခဲ့ပါသေးတယ်။ ဖက်ရှင်အဆန်းလေးတွေနဲ့ ချစ်ဖို့ ကောင်းနေတဲ့ Lush Magazine ထဲက ဖွေးစိန်ရဲ့ အလှပုံရိပ်ကို မတွေ့ လိုက်ရတဲ့ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

 

ယခု 2018, January လထုတ် Lush Magazine Cover ထက်မှာ ညှို့ အားပြင်းတဲ့ အလှပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားသူကတော့ ရွှေကစ် ခေါ် ၀တ်မှုံရွှေရည်ပဲဖြစ်ပါတယ်။ Cover ထက်မှာတော့ The Ultimate Kit Kit ဆိုတဲ့ ခေါင်းစဉ်နဲ့ အတူ ရွှေကစ်ရဲ့ ဆွဲဆောင်မှုရှိပြီး ညှို့ အားပြင်းတဲ့ အလှပုံရိပ်တွေကို Magazine ဖတ်ရင်း တစ်ဝကြီးကြည့်ရှုကြရမှာပါ။ Lush Magazine ထဲက ညှို့ အားပြင်းပြီး မဟာဆန်တဲ့ ရွှေကစ်ရဲ့ အလှပုံရိပ်တွေကိုပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

ကဲ … Lush Magazine Cover ထက်က ဘယ်အလှဘုရင်မကို ပိုကြွေလဲဆိုတာပရိသတ်ကြီး ဖြေသွားခဲ့ပါဦးနော်။

Photo Credit. Lush Magazine Myanmar Facebook Page

[email protected]

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment