LifeStyle News

ပိုးမွှားအင်းဆက်အစစ်တွေအသုံးပြုပြီး အမြင်ဆန်းတဲ့မိတ်ကပ်ဖန်တီးမှုတွေပြုလုပ်ခဲ့တဲ့ မိတ်ကပ်ပညာရှင်

အမေရိကန် မိတ်ကပ်ပညာရှင်တစ်ဦးက ပိုးမွှားအင်းဆက်ကောင် အစစ်တွေကို အသုံးပြုပြီး ဆန်း သစ်တီထွင်တဲ့ မိတ်ကပ်ဖန်တီး မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ သိပ်ကိုအံ့အားသင့်စရာကောင်း ကာ ကြက်သီးမွှေးညှင်းထလောက်အောင်ပါပဲ။ မိမိရဲ့ မျက်နှာပေါ်ကို လှုပ်လှုပ်ရွှရွဖြစ်နေတဲ့ အင်းဆက်ပိုးမွှားကောင်တွေတင်ပြီးတော့ မိတ်ကပ်အလှပြင်ဆင်ဖို့ဆိုရင်တော့ တော်ရုံလူအဖို့သတ္တိရှိ မှာတော့ မဟုတ်ပါဘူးနော်။

ဂျက်စမင်းအက်ဟူမာနာဆိုသူ မိတ်ကပ်ဖန်တီးပညာရှင်က ပင့်ကူတွေ၊ သံကောင်၊ လောက်၊ တုတ် ကောင်၊ ကင်းချေမြှား၊ ပျားနဲ့ လိပ်ပြာ အစရှိသဖြင့် ပိုးမွှားအင်းဆက်ကောင်တွေ အသုံးပြုပြီး မိတ် ကပ် လိမ်းခြယ်သပေးခဲ့တာဖြစ်ပါတယ်။ မျက်လုံးနဲ့ အိုင်းရှဲဒိုး တစ်ဝိုက်ကို အဓိကထားပုံဖော်ပြီးတော့ ဖန် တီးလိမ်းခြယ်ပေးထားတာ ဖြစ်ကာ တကယ့်ကိုပဲအံ့မခန်းလက်ရာပါပဲ။

မျက်ခုံမွှေးတွေကို သေဆုံးနေတဲ့ တုတ်ကောင်၊ သံကောင်တွေ အသုံးပြုထားပါတယ်။ နောက်ပြီး မျက်လုံးတစ်ဝိုက် အိုင်းရှဲဒိုး အရောင်တွေနဲ့လိုက်ဖက်မယ့် ပိုးကောင်သေတွေ၊ သံကောင်တွေကို ဆေးရောင်စုံဆွဲပြီး မိတ်ကပ်ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ မျက်တောင်မွှေးတွေမှာဆိုရင်လည်း လောက်အသေကောင်တွေ တစ်ကောင်ချင်းစီကို ကော်ကပ်ပြီးတော့ မျက်တောင်အတုနေရာမှာ အစားထိုးတပ်ဆင်ပြီး ပြင်ဆင်ပေးထားတာ တွေ့ရပါတယ်။ ပိုးစိမ်းကောင်၊ မီးပိုးကောင်လေးတွေကိုလည်း အိုင်းရှဲဒိုးအလှဆင် အဖြစ်အသုံးပြုပေးထားပါတယ်။

ကြောက်စရာအကောင်းဆုံးနဲ့ လက်ရာအမြောက်ဆုံး မိတ်ကပ်ဖန်တီးမှုပုံကို ပြောပြရမယ်ဆိုရင်တော့ မျက်ဝန်းတစ်ဝိုက် ပင့်ကင်အိမ်၊ အသိုက်နဲ့ ပင့်ကူဥတွေဆွဲနေသလို ပြင်ဆင်ပေးထားတဲ့ မိတ်ကပ် ပုံစံပဲဖြစ်ပါတယ်။ တကယ့်ကိုမှ ကြက်သီးထစရာကောင်းပြီးတော့ အံ့သြချီးကျူးဖို့လည်းကောင်းပါ တယ်။ သူမဟာ သူမရဲ့ဆန်းကြယ်တဲ့စိတ်ကူးနဲ့ မိတ်ကပ်ပညာကို ပူးပေါင်းပြီးတော့ ဒီလိုမျိုး အမြင် ဆန်းတဲ့ မိတ်ကပ်ပြင်ဆင်မှုအသစ်အတွက် ကြိုးစားဖန်တီးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အချို့ သော ပြင်ဆင်မှုတွေက လှပပြီးကြည့်ကောင်းပေမယ့် အချို့ပြင်ဆင်မှုကတော့ ပိုးမွှားကောင်တွေ ကြောက်ရွံ့သူတွေအတွက်တော့ အသည်းယားစရာပါပဲ။

မေ(ရွှေအင်းလေး)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment