International Celebrity Local Celebrity News

ကေပေါ့ပ်လောကသို့ဝင်ရောက်ဖို့ ပယ်ချခံခဲ့ရသူ တရုတ်နိုင်ငံတွင် လျှမ်းလျှမ်းတောက်အောင်မြင်နေ

Xu Jiaqi လို့အမည်ရတဲ့သူမဟာ လွန်ခဲ့သောနှစ်က တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ SM Entainment  ရဲ့အစီအစဉ်တစ်ခုအတွက် အသံစစ်ဆေးခြင်းပြုလုပ်ခဲ့ရာမှာ ပယ်ချခံခဲ့ရသူဖြစ်ပါတယ်။ ဒါက SM Entainment ရဲ့ မဟာအမှားကြီးတစ်ခုဖြစ်ကြောင်း သူမရဲ့အောင်မြင်မှုက သက်သေပြလိုက်ပါပြီ။

SM Entainment က ပယ်ချလိုက်ပြီးနောက် Xu Jiaqi က တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ပြီး တရုတ်အဆိုတော် မိန်းကလေးအဖွဲ့တစ်ခုဖြစ်တဲ့ Team SII of SNH48 မှာ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး တရုတ်၊ ကိုရီးယားအပါအဝင် အာရှတလွှား အောင်မြင်မှုတွေ ရရှိလာခဲ့ပါတယ်။ Team SII of SNH48 အဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ နာမည်ကျော်အုပ်စုများဖြစ်တဲ့ Style-7 နှင့် 7SENSES အဖွဲ့အောက်ကလည်း ဖြစ်ပါတယ်။

ဒါ့အပြင် Xu Jiaqi ဟာ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ မကြာသေးခင်ကမှ တရုတ်၊ကိုရီးယားရုပ်ရှင် Catman ဇာတ်ကားမှာ Vivian ဇာတ်ကောင်အဖြစ် ပါဝင်ထားပါတယ်။ တရုတ်နိုင်ငံ ရုပ်သံဇာတ်လမ်းတွဲတွေဖြစ်တဲ့ Legend of Yun Xi and Super Star နှင့် The Counter Attack Star Shine မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲ့ဒါတွေအပြင် တရုတ်နိုင်ငံရဲ့ နာမည်ကျော် တီဗီအစီအစဉ်တွေမှာလည်း ပါဝင်ခွင့်ရနေပြီး မဂ္ဂဇင်းများစွာမှာလည်း တွေ့မြင်နေရတဲ့အထိ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားနေပါတယ်။

ဒါကြောင့် လွန်ခဲ့တဲ့နှစ်က သူမကိုပယ်ချမိခဲ့တဲ့ SM Entertainment က အမှားကြီးတစ်ခုကို ပြုလုပ်ခဲ့မိကြောင်း ကိုရီးယားက သူမရဲ့ပရိသတ်တွေက လူမှုကွန်ယက်စာမျက်နှာတွေမှာ ရင်ဖွင့်ပြောဆိုကြပါတယ်။ သူမရဲ့အလှကို ချီးမွမ်းပြောဆိုကြပြီး ကေပေါ့ပ်လောကထဲမှာ မြင်တွေ့ချင်တယ်လို့ ပြောဆိုမှုတွေကိုလည်း အများအပြား တွေ့မြင်ရပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment