News

ခရီးသွားအမျိုးသားကိုကြောက်မက်ဖွယ်ခုန်အုပ်တိုက်ခိုက်ခဲ့တဲ့ကျားဖြူ

တရုတ်နိုင်ငံ၊  Chiemlong Safari Park မှာ ထိန်းသိမ်းထားတဲ့ ရှားပါးဘင်္ဂလားကျားဖြူတစ်ကောင်ဟာ ဧည့်သည်အမျိုသားတစ်ယောက်ကို ခုန်အုပ်တိုက်ခိုက်ခဲ့တာကို အဆိုပါ ဧည့်သည်အမျိုးသားရဲ့ အဖော်က ဗွီဒီယိုမှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒါပေမယ့် ကျားရဲ့ အကြံမှာ မအောင်မြင်လိုက်ပဲ သူနဲ့ ခရီးသွားအမျိုးသားရဲ့ကြားမှာ မှန်တွေကာထားပါတယ်။

ကျားဟာ အမျိုးသားရဲ့နောက်ကနေ ခြေသံလုံလုံနဲ့ ချဉ်းကပ်လာတာကို ဗွီဒီယိုထဲမှာ အတိုင်းသား မြင်နေရပြီး၊ အမျိုးသားကလည်း သိသိကြီးနဲ့ တမင်တကာရပ်နေတာကို တွေ့ရပါတယ်။ ကျားကလည်း လူကို သားကောင်လို သဘောထားပြီးနောက် အမျိုးသားက မသိမသာ လှည့်အကြည့်မှာ အရှိန်ပြင်းထန်စွာနဲ့ ခုန်အုပ်တိုက်ခိုက်ခဲ့ပါတယ်။

မှန်တံခါးသာ ခြားမနေဘူးဆိုရင်တော့ တိရစ္ဆာန်ရုံကို လာရောက်လည်ပတ်တဲ့ အမျိုးသားအနေနဲ့ လွယ်ကူတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ဒီဗွီဒီယိုဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီးနောက် တစ်ချို့ကတော့ ကျားရဲ့ အရိုင်းစိတ်ကို ပြန်အစဖော်သလို ဖြစ်စေတဲ့လုပ်ရပ်မို့ ပြစ်တင်ဝေဖန်နေကြသလို၊ တစ်ချို့ကတော့ အမျိုးသားရဲ့ သတ္တိရှိမှုကို ချီးကျူးနေကြပါတယ်။

ဒီဗွီဒီယိုကို လွန်ခဲ့တဲ့ တစ်လက ရိုက်ကူးခဲ့တာဆိုပေမယ့် လူမှုကွန်ယက်ပေါ်ကို မနေ့တစ်နေ့ကမှ စတင်ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။ ကျားဖြူဟာ ရှားပါးတိရစ္ဆာန်နွယ်ဝင်ဖြစ်ပြီး၊ ကျားအထီးအမ နှစ်ကောင်စလုံးရဲ့ မျိုးဗီဇနဲ့ ယခုလိုကျားဖြူတစ်ကောင် ပေါက်ဖွားနိုင်တာဖြစ်ပြီး၊ တစ်ခြားမျိုးစိတ်နဲ့ ရောပါက ကွဲပြားတဲ့ ကျားအရောင်ကို ဖြစ်စေတယ်လို့ သိရပါတယ်။

source : mirror.co.uk

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment