Funny

ငလျင်လှုပ်သွားသည်​…။ သူတို့ ဤသို့ Facebook ပေါ်တင်ကြသည်။

ငလျင်လှုပ်သွားသည်​…။
သူတို့ ဤသို့ Facebook ပေါ်တင်ကြသည်။

(ပုံမှန်လူ)
ငလျင်​လှုပ်​သွားတယ်ဟေ့ ။

(အရွှန်းဖောက်သူ)
ညက ငလျင်လှုပ်တာသိတဲ့သူ အကောင်ပဲ
ဘာကောင်လဲဆိုတော့
အိပ်မပျော်တဲ့ကောင်

(Like လိုချင်သူ)
ငလျင်လှုပ်သွားတာသိကြလား သိတဲ့သူတွေလက်မလေးထောင်ခဲ့

(Comment တောင်းသူ)
ငလျင်လှုပ်​သွားတာ ငါတို့ဆီမှာပဲလား အခြားဘယ်နေရာမှာလှုပ်ကြသေးလဲ လှုပ်​တဲ့မြို့​လေးတွေမန့်သွားကြ

(အီစီကလီလုပ်သူ)
ငလျင်လှုပ်သွားတာ ခေါင်းမူးတွားဒယ် မီးကိုချစ်သေးရင် အုံဖွလုပ်ပေးသွားကြ

(Selfie သမား)
ငလျင်လှုပ်နေတုန်းအမှတ်တရ(ဖလပ်)

သုသု (ညီညီမောင် စမ်းချောင်း)
ငလျှင်လှုပ်တာသိလား
မသိရင် မတိုက်ဘူး

(စာရေးဆရာ)
တိတ်ဆိတ်သောည…ခြင်ထောင်ထဲသို့ ရောက်နေစဉ် ကမ္ဘာမြေကြီး တုန်ခါသွားသည် သြော် ငလျင်လှုပ်တာပါလား

(ဂျူး)
အဲ့ငလျင်တွေလှုပ်​တာ နင်တို့ ယွကျားတွေမကောင်းလို့

(တွံတေးသိန်းတန်)
အဲ့ ငလျင်လှုပ်နေပါတယ်လို့  အဲ့…ခေါင်းတွေလည်းမူးလို့

(ကျော်ရဲအောင်)
အရင်ကလဲမသိဖူး…အခုလဲမသိဖူး နောင်လဲသိမှာမဟုတ်ပါဖူး (မူးနေလို့ )

 

(ဝင်းဦး)
ငလျင်တွေလှုပ်နေပါတယ်ဗျာ…ငလျင်တွေလှုပ်နေပါတယ်လို့

(ကောလိပ်ဂျင်နေဝင်း)
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကယ်ဆယ်ရေးလွှတ်ပေးသင့်ပါတယ်

(မြန်မာပြည်သိန်းတန်)
ငလျင်လှုပ်တိုင်း ကြေငြာပေးရမတဲ့လား? Sorry ပါကွယ် အန်ကယ်ကတော့ No ပါ

(မေဆွိ)
မဆွေအနေနဲ့ပြောရရင် ဒီငလျင်လေးဟာ မလှုပ်လို့လည်းရတယ် လှုပ်ရင်လည်း အိမ်တွေပြိုမှာစိုးရိမ်ရတယ်
အဲ့တော့ အစထဲက မလှုပ်သင့်ဖူးလို့ မြင်တယ်

(ကျော်ထက်အောင်)
ဘယ်မြို့တွေမှာငလျင်လှုပ်နေသလဲဆိုတာ ပရိသတ်ကြီး သိချင်ပြီး ရင်ခုန်နေကြမယ်ထင်ပါတယ်။
ဟုတ်ကဲ့ မီးလေးခဏမှိတ်ပေးပါ။ ခဏနေရင် ကြေငြာပေးဖို့ ပြန်လာခဲ့ပါမယ်

(ခင်လှိုင်)
ငလျင်လှုပ်ရင် ခုံအောက်ဝင်နေရမယ်ဆိုတာ သိတယ်။ ဒါပေမယ့်​ ဘယ်တော့မှ မဝင်ဖူး မြွေကြောက်လို့

(အဆဲသမား)
ငိုးမငလျင် ယီးမို့  လှုပ်နေတာလား

(ပြေတီဦး)
ငလျင်တွေလှုပ်တာ ငါ့လိုမကြောက်ပဲနေကြည့်ပါလား ရူးတောင်သွားအုံးမယ်

(ယုသန္တာတင်)
စောင်ငလျင် စောင်ချိုးကျမပြေဘဲ စောင်အိမ်ကျ လာဖြိုချင်နေတယ်

(ဝိုင်းစုခိုင်သိန်း)
အိမ်ပြင်ထွက်နေရင် မသိလိုက်မှာစိုးလို့ အိမ်ထဲမှာငလျင်လှုပ်တာ Live ကြည့်​နေတာပါ။
အရင်ကတည်းကလည်း ကြည့်ချင်နေတာပါ

(ရဲရင့်အောင်)
ငလျင်လှုပ်ပေမယ့်​ ကျေနပ်ပါတယ် လူတွေမသေရင်ပီးရော)

(ခိုင်သင်းကြည်)
သူများမြို့ကျ မလှုပ်ဘဲ ငါ့တစ်အိမ်ထဲလာလှုပ်နေရအောင် ဒီငလျင်က ဖာသည်မလား

မြင့်မြတ်)
ငလျင်လှုပ်မှာစိုးလို့ ခုတင်အောက်ဝင်နေတယ်။ ခုတင်ကျိုးကျလို့  ခေါင်းမူးသွားတယ် ပရမ်းပတာတွေဟယ်

……………………….

……………………….

ငလျင်အကြောင်း Status တင်ကြရာဝယ်
———————————–

Normal FB users ~ “ငလျင်လှုပ်တယ်ဟ”

စသုံးကာစများ ~ “ငလျင်လှုပ်တယ်နော် သူငယ်ချင်းတို့ ဘေးအန္တရာယ်ကင်းကြပါစေနော်
#ရွာထိပ်ညောင်ပင်အောက်ကအလွမ်းသမားလေး

Cele ရူးများ ~ “ငလျင်လှုပ်တုန်း ရင်တွေတုန်လိုက်တာ… (Selfie နှင့်တကွ) ရင်တုန်နေတဲ့ရုပ်တို့ဘာတို့”

ဘုကလန့်များ ~ “သိတောင်မသိဘူး nf တစ်ခုလုံး ဒါချည်းပဲ တင်းလာပြီ”

Share ဒေါင်းဈားများ ~ “ထပ်လှုပ်ဦးမယ်တဲ့ feeling worried… အများသိအောင် share ပေးကြပါ”

မဘသ နှင့် မျိုးချစ်များ ~ “အစိုးရမှမကောင်းတာ”

တစ်ဖက်ပိတ် NLD များ ~ “ဘုန်းတော်ကြောင့်…”

ဂျူးဖန်အချို့ ~ “ယောက်ျားတွေမကောင်းလို့”

အကြည်တော်ဖန်အချို့ ~ “ငလျင်လှုပ်လည်း ကုတင်လှုပ်ဖို့ အဖေါ်ကင်းမဲ့သူပါ”

စစရကများ ~ “သဘာဝဘေး… မတည်မြဲနိုင်… အဆောက်အဦး”

အသည်းကွဲနေသူ ~ “မင်းကြောင့် တစ်ကြိမ်နာကျင်ရတိုင်း ကားလမ်းပေါ် ကားကြီးဖြတ်သလို မြေတုန်တဲ့အတိုင်းဖြစ်မယ်ဆိုရင်… ကမ္ဘာအနှံငလျင်တွေလှုပ်နေတာ ကိုယ့်ရဲ့နာကျင်မှုတွေကြောင့် ဖြစ်နေမလားပဲ

ကျွန်တော့်အမေ ~ “ဘယ်သွားသွား သတိထား ဘေးဘီဝဲယာကြည့် ဖုန်းပဲပွတ်မနေနဲ့” (အမေကသိတယ် ဖုန်းဆက်တာထက် သူ status တင်လိုက်ရင် ကျုပ်မြင်တာ မြန်မယ်ဆိုတာ) :3

ဟုတ်ဟုတ်ဟုတ်
#crd

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment