News

တရုတ်နိုင်ငံတွင် ၁၈ နာရီ ဆက်တိုက်အလုပ်လုပ်ခဲ့သည့် ဆရာဝန်က လူနာရှေ့တွင် လဲကျသေဆုံး

တရုတ်နိုင်ငံတွင် အသက် ၄၃ နှစ်အ ရွယ်အမျိုးသမီးဆရာဝန်တစ်ဦးသည် ၁၈ နာရီကြာအောင်ဆက်တိုက်အလုပ်လုပ် ပြီးနောက် ရုတ်တရက်လဲကျသေဆုံးခဲ့သည်ဟု သိရသည်။


ရှန်စီးပြည်နယ် ချင်ကျုံးမြို့ရှိ Yuci District ဆေးရုံ၏အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါဌာနတွင်အလုပ် လုပ်ကိုင်သည့်ဒေါက်တာ ကျိုးပိုင်ရှန် သည် ဒီဇင်ဘာလ ၂၉ ရက်နေ့လယ်ပိုင်း တွင် လူနာဆောင်ထဲ၌မေ့လဲသွားခဲ့ပြီး နောက် အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ရ သည်။ဒေါက်တာကျိုး၏မိဘများက ဆေး ရုံတွင်သမီးဖြစ်သူအား နောက်ဆုံးအကြိမ် လာရောက်ကြည့်ရှုခဲ့ကြသည်။

လုပ်ဖော် ကိုင်ဖက်ဆရာဝန်များက ဒေါက်တာကျိုး ကိုကယ်တင်ရန်အစွမ်းကုန်ကြိုးစားခဲ့ကြ သော်လည်း ဒီဇင်ဘာလ ၃၀ ရက်မနက် ခင်းတွင် သေဆုံးသွားခဲ့သည်။ဒီဇင်ဘာလ ၂၈ ရက် ညနေ ၆ နာရီမှစတင်အလုပ်လုပ် ခဲ့သောဒေါက်တာကျိုးသည် ဆေးရုံအ ဆောင်များတွင် လှည့်လည်ကြည့်ရှုပေး ရင်း ညဥ့်နက်သန်းခေါင်တွင်လည်း မအိပ် မနေအလုပ်လုပ်ကိုင်ခဲ့သည်။

အဆက်မ ပြတ်အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ဒီဇင် ဘာလ ၂၉ ရက်နေ့လယ်တွင် မေ့လဲသွား ခဲ့သည်။လုပ်ဖော်ကိုင်ဖက်ဆရာဝန်တစ် ဦးက“ဆာင်းရာသီဆိုရင် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါဌာနက လူနာ အများဆုံးပါပဲ။အများအားဖြင့် ဆရာဝန် တွေက အလုပ်များလွန်းလို့လတ်စမသတ် နိုင်ကြပါဘူး”ဟု ဆိုခဲ့သည်။

လူနာကြည့် နေသည့်အချိန်တွင် ရုတ်တရက်နှလုံးခုန် နှုန်းကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ အလုပ် အကျွံလုပ်ကာသေဆုံးမှုများသည် ဂျပန် ထက် တရုတ်တွင်အများဆုံးဖြစ်နေပြီး တစ်နှစ်လျှင် အလုပ်အလွန်အကျွံလုပ်ရာ မှသေဆုံးသည့်တရုတ်အလုပ်သမားအ ရေအတွက်မှာ ခြောက်သိန်းနီးပါးရှိသည် ဟု သိရသည်။

Credit – PM

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment