Knowledge

ဆွဲဆောင်မှုအရှိဆုံးအမျိုးသားတွေ အများဆုံးရှိတဲ့ နိုင်ငံများ

နိုင်ငံတကာအွန်လိုင်းမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Insider Monkey က ကမ္ဘာပေါ်မှာ အချောဆုံးအမျိုးသားတွေ အများဆုံးရှိတဲ့ နိုင်ငံများကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Manhunt International, Mister Global, Mr. World စတဲ့ နိုင်ငံတကာမစ္စတာပြိုင်ပွဲတွေက ရလဒ်တွေကို ကြည့်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ငံတွေက ပြိုင်ပွဲတွေမှာ တကယ်ဆုအများကြီးရထားတာကြောင့် သူတို့ရဲ့ ဆွဲဆောင်မှုတွေအတွက် နိုင်ငံသားတွေ ဂုဏ်ယူနိုင်ပြီပေါ့နော်။

တောင်ကိုရီးယားနိုင်ငံ

တောင်ကိုရီးယားသားတွေဟာ မစ္စတာပြိုင်ပွဲတွေမှာ Title ဆု သိပ်မရကြပေမယ့် ဖော်ရွေအပျူငှာဆုံးဆု၊ အကောင်းဆုံးကိုယ်ခန္ဓာဆု၊ အကောင်းဆုံးမော်ဒယ်ဆုတွေ ရလေ့ရှိကြပါတယ်။

ပြင်သစ်နိုင်ငံ

ပြင်သစ်သားတွေဟာ (၂၀၀၂) နဲ့ (၂၀၀၅) ခုနှစ်တွေမှာ Manhunt International နဲ့ Mister World ပြိုင်ပွဲတွေရဲ့ အောင်နိုင်သူတွေ ဖြစ်ခဲ့ကြပါတယ်။

ချက်ပြည်ထောင်စုနိုင်ငံ

(၂၀၁၆) ခုနှစ်ရဲ့ Mister Global ဆုကို ချက်ပြည်ထောင်စုနိုင်ငံမှ ရရှိခဲ့ပြီး ဓာတ်ပုံအစားဆုံးဆုတွေလည်း ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ

(၂၀၁၄) ခုနှစ်ရဲ့ Mister Global ပြိုင်ပွဲအနိုင်ရရှိခဲ့သူမှာ မြန်မာနိုင်ငံကဖြစ်ပြီး (၂၀၁၅) နဲ့ (၂၀၁၆) ခုနှစ်တို့မှာလည်း အကောင်းဆုံးမော်ဒယ်ဆုနဲ့ အင်တာနက်မှာ ရေပန်းအစားဆုံးဆုတို့ကို ဆွတ်ခူးခဲ့ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ

Mister Global ပြိုင်ပွဲတွေမှာ အကောင်းဆုံးမော်ဒယ်ဆုနဲ့ ဓာတ်ပုံအစားဆုံးဆုတို့အတွက် တရုတ်ပြိုင်ပွဲဝင်တွေဟာ အားကောင်းလေ့ရှိပြီး Manhunt International ဆုကိုလည်း (၂) ကြိမ်ဆွတ်ခူးခဲ့ဖူးပါတယ်။

ဖိလစ်ပိုင်နိုင်ငံ

Mister Global ပြိုင်ပွဲတွေမှာ ဖိလစ်ပိုင်သားတွေရဲ့ အပြုံးတွေနဲ့ ရေပန်းစားမှုတွေဟာ ကျော်ကြားပြီး Manhunt International နဲ့ Mister International ပြိုင်ပွဲတွေမှာလည်း အောင်နိုင်သူတွေဖြစ်ခဲ့ပါတယ်။

ဘရာဇီးနိုင်ငံ

ဘရာဇီးသားတွေဟာ Mister World, Mister Global ပြိုင်ပွဲတွေမှာ Title ဆုတွေ ရခဲ့ပြီး Mister International ပြိုင်ပွဲမှာလည်း Title ဆု (၂) ခါတောင် ဆွတ်ခူးခဲ့ဖူးလို့ ဆွဲဆောင်မှုအရှိဆုံးအမျိုးသားတို့ရဲ့ နိုင်ငံလို့တောင် တင်စားကြပါတယ်။

Ref: Bright Side

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment