News

တစ်နှစ်ကျော်ကြာအောင် အတူနေခဲ့သည့် ချစ်သူကောင်လေးက မိန်းကလေးဖြစ်နေမှန်းမသိခဲ့သည့် တရုတ်အမျိုးသမီး

တရုတ်နိုင်ငံတွင် ကလေးတစ်ယောက်မိခင် တစ်ခုလပ်အမျိုးသမီးတစ်ဦးသည် တစ်နှစ်ကျော်ကြာအောင်အတူ နေချစ်သူဖြစ်ခဲ့သည့်အမျိုးသားက မပြောမဆိုနှင့်ထွက်သွားသည့်အခါ ဝမ်းနည်းသည့်စိတ်ကိုမခံစားနိုင်သောကြောင့် လိုက်လံစုံစမ်းသည့်အခါ အတူနေချစ်သူ ကောင်လေးသည် မိန်းကလေးဖြစ်နေမှန်း သိရှိခဲ့ရသည်ဟု သိရသည်။


ကြက်ကြန်းပြည်နယ်မှ အသက် ၄၁ နှစ်အရွယ်ဝမ်ကျီသည် ၂၀၁၆ တွင် ချန် အမည်ရှိသော အသက်ငယ်ရွယ်သည့် ကောင်လေးနှင့်အွန်လိုင်းတွင် တွေ့ဆုံချစ် ကြိုက်ခဲ့သည်။၂၀၁၇ ခုနှစ်တွင် အတူနေ ချစ်သူများဖြစ်လာခဲ့ပြီး ချန်က ဇာတိမြို့မှ မိဘများနှင့်ပင် ဝမ်ကျီကို မိတ်ဆက်ပေးခဲ့သည်။

လက်ထပ်ရန်ကြိုးစားနေသည့်အ ချိန်တွင် ချန်က တစ်အိမ်ရာတည်းအတူ မအိပ်သင့်ကြောင်းဆိုထားခဲ့ပြီး ခြောက်လ အကြာတွင် ဆက်ဆံရေးအဆင်မပြေဖြစ် လာပြီးနောက် ချန်မှာ ပျောက်ချင်းမလှ ပျောက်သွားခဲ့သည်။ချန်နှင့်ပတ်သက် သည့်အရာအားလုံးပျောက်ဆုံးသွား သည့် အတွက် ဝမ်ကျီက ဒေါ်လာ ၄၆၀၀၀ ခန့် အကုန်အကျခံ၍ လိုက်လံစုံစမ်းသည့်အ ခါမှ ချစ်သူကောင်လေး၏သက်သေကတ် ပြားသည် အမျိုးသမီးအနေဖြင့် စာရင်း သွင်းထားသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်။ ထိုအခါမှ ဝမ်ကျီက ခြောက်လအတွင်း ၎င်းတို့ချစ်သူနှစ်ဦးသည် ကိုယ်လက်နှီး နှောခဲ့ခြင်းမရှိသည်ကို သတိထားမိခဲ့ သည်။

ချန်မိတ်ဆက်ပေးသည့်မိဘများထံ သွားရောက်သည့်အခါ ချန်သည် ယော က်ျm;လျာလေးဖြစ်ကြောင်းနှင့်၎င်းချစ် သည့်အမျိုးသမီးများရှိခဲ့သော်လည်း မ ကောင်းသည့်ရည်ရွယ်ချက်ဖြင့် ဒုက္ခပေး ခဲ့ခြင်းမရှိဟု ဆိုခဲ့သည်။ လက်ရှိတွင် မိဘ များကလည်း ချန်၏တည်ရှိနေရာမသိရှိ ကြဘဲ ဝမ်ကျီက ဥပဒေအရတိုင်ကြားနိုင် ရန်လုပ်ဆောင်နေပြီဖြစ်သည်ဟု သိရ သည်။

PM

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment