LifeStyle Tech News

HUAWEI nova 2i ၏ အပြာရောင်အသစ်ကို ပရိုမိုးရှင်းများဖြင့်ဈေးကွက်အတွင်းဝယ်ယူရရှိနိုင်မည်ဟုဆို

“Huawei nova 2i ၏ ဆန်းသစ်မှုကို ခံစားစေနိုင်မည့် i Got You အမည်ရှိတေးသီချင်းကို လွှင့်တင်ပေးခဲ့ပြီး မကြာမီ MTV ကိုပါ တင်ဆက်ပေးသွားမည်”

ပြီးခဲ့သည့် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် Huawei Device Myanmar မှ Huawei Annual Media Thank You Party ကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် HUAWEI nova 2i ၏ အရောင်သစ်အဖြစ် အပြာရောင်ကိုလည်း မိတ်ဆက်ခဲ့ကြောင်းသိရသည်။ Nova 2i နှင့်အတူ ခရီးသွားခြင်း Program တစ်ခုကိုပါ လွှင့်တင်ပြသနေပြီဖြစ်ကြောင်းသိရသည်။Huawei nova2i ၏ Brand Ambassador ဖြစ်သူ Mary ပါဝင်ပြီး အခြားသော ဂီတပညာရှင်များဖြင့် Huawei nova 2i ၏ ဆန်းသစ်မှုကို ခံစားစေနိုင်မည့် i Got You အမည်ရှိတေးသီချင်းကိုပါ လွှင့်တင်ပေးခဲ့ပြီး မကြာမီ MTV ကိုပါ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၇ခုနှစ်အတွင်းတွင် Huawei အနေဖြင့် ဈေးကွက်အတွင်းတွင် အောင်မြင်မှုများရရှိခဲ့သည့်အပြင် မကြာသေးမီက မိတ်ဆက်ခဲ့သည့် HUAWEI nova 2i သည်လည်း မြန်မာနိုင်ငံတွင် ရောင်းအားစံချိန်သစ်တင်နိုင်သည်အထိ အောင်မြင်ခဲ့သည်။

Huawei Device Myanmar ၏ Marketing Director ဖြစ်သူ မခင်ရတနာဝင်းက “နောက်ဆုံးအနေနဲ့ ထွက်ရှိထားတဲ့ Nova 2i ဆိုရင် ကျွန်မတို့ ခရီးသွား Program တစ်ခုပါ ကျွန်မတို့ ရိုက်ကူးခဲ့ပါတယ်။ အဲဒီ Program ကိုလည်း Huawei Mobile MM Page မှာ ပြသနေပြီ ဖြစ်ပါတယ်။သုံးစွဲသူတွေရဲ့ တောင်းဆိုချက်အရ HUAWEI nova 2i အပြာရောင်ကို ၁၄ရက်နေ့ကစပြီး စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့လည်း သင့်တော်တဲ့ဈေးနှုန်းနဲ့ နည်းပညာမြင့်စမတ်ဖုန်းတွေကို အသုံးပြုနိုင်ဖို့အတွက် Huawei က ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

HUAWEI nova 2i ကို (၃၃၉၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အရောင်အနေဖြင့် အနက်ရောင်၊ ရွှေရောင် နှင့် အပြာရောင်တို့ကို ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ HUAWEI nova 2i ဝယ်ယူသူများအနေဖြင့် HUAWEI powerbank 5000mAh ကို လက်ဆောင်အနေဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် MPT သုံးစွဲသူများအနေဖြင့် လစဉ် ၅၀၀၀ ကျပ် ဖုန်းငွေဖြည့်ရုံဖြင့် အင်တာနက်အသုံးပြုရန် ၃၀၀၀ ကျပ် ကို ၁၂ လတိုင်တိုင်ရရှိနိုင်မည် ဖြစ်ပါသည်။

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment