News Tech News

မျက်နှာပြင်နှစ်ခုပါ စမတ်ဖုန်း ZTE Axon M ကို တရုတ်တွင်ရောင်းချတော့မည်

ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း ZTE Axon M ကို နိုဝင်ဘာလတုန်းက အမေရိကန်မှာ ကြေညာပြီး ရောင်းချခဲ့ပါတယ်။ ယနေ့မှာ ZTE ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမှာရှိတဲ့ အိုလံပစ်မျှော်စင်မှာ မိတ်ဆက်လိုပြီးတော့ Axon M ကို တရုတ်မှာ ကြေညာလိုက်တဲ့ အပြင် လာမယ့် ဇန်န၀ါရီလ ၂၀ ရက်နေ့ စနေနေ့မှာ တရုတ်နိုင်ငံမှာ စတင် ရောင်းချသွားပါမယ်လို့ဆိုပါတယ်။

ZTE Axon M ကို MyZTE.com နှင့် JD.com တို့မှ တစ်ဆင့် ၀ယ်ယူနိုင်ပြီး အော့ဖ်လိုင်းအနေဖြင့် China Telecom စတိုးများမှာ ရောင်းချသွားပါမယ်။ ZTE Axon M ဟာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှ မတ်လအတွင်းမှာ ဥရောဈေးကွက်အတွင်းသို့ ၀င်ရောက်မှာ ဖြစ်ပြီး Vodafone ၊ TlM အစရှိတဲ့ ထိပ်တန်း ဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ရောင်းချသွားမှာ ဖြစ်ပါတယ်။

ZTE Axon M ဟာ CES ပွဲတုန်းက CES 2018 Innovation Award ကို ဆွတ်ခူးနိုင်ခဲ့တဲ့ဖုန်း ဖြစ်ပြီး နောက်ထပ် ခေါက်နိုင်တဲ့ စမတ်ဖုန်းများစွာ ထုတ်လုပ်ရောင်းချဖို့ စီစဉ်ထားပါသေးတယ်။ ZTE Axon M မှာ မျက်နှာပြင်နှစ်ခုပါဝင်ပြီး ယင်းနှစ်ခုကို ပေါင်းစပ်ကာ မျက်နှာပြင် ၆.၇၅ လက်မအဖြစ် ကြည့်ရှုအသုံးပြုနိုင်ပါမယ်။ မျက်နှာပြင်တစ်ခုစီက ၅.၂ လက်မရှိပြီး 1080p LCD သုံးထားပါတယ်။ ဒီဖုန်းကို Snapdragon 821 နှင့် ပါဝါထောက်ပံ့ထားပါတယ်။ ကျောဘက်ကင်မရာက 20MP ဖြစ်ပြီး ရှေ့ကင်မရာမပါဝင်ပါဘူး။ ဘက်ထရီ 3180 mAh ပါဝင်ကာ အရည်အသွေးကောင်း စတီရီယိုစပီကာနှစ်ခု ထည့်သွင်းထားပါတယ်။ လက်ရှိအချိန်မှာတော့ အမေရိကန်မှာ ဒီဖုန်းကို ဒေါ်လာ ၇၂၅ နှင့် ရောင်းချနေပါတယ်။

kk(shweinnlay)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment