Tech News

နောက်ကျောဘက် dual-camera နဲ့ထွက်ရှိလာမယ့် Xiaomi Mi Max 3

Xiaomi ကနေ Mi Max 2 ရဲ့ နောက်ထွက်လာမယ့် စမတ်ဖုန်းလို့သတ်မှတ်နိုင်တဲ့ Mi Max 3 ရဲ့ပုံရိပ်တွေ ထွက်ပေါ်လာပါတယ်။ ပုံမှာပြထားတဲ့ဖုန်း၃လုံးမှာ အပြာရောင် ၂လုံး အနက်ရောင်တစ်လုံးနဲ့ ကျောဘက်မှာ fingerprint scanner နဲ့ dual-camera တွေတပ်ဆင်ထားတာတွေ့ရပါတယ်။ ဒီပုံကနေတော့ ဘာမှအများကြီးသိပ်မသိရပေမယ့် တချို့ specs တွေအနေနဲ့ 7-inch, 18:9 display, Snapdragon 635 chip နဲ့ memory ကတော့ 3GB/64GB နဲ့ 4GB/128GB ဆိုပြီးလာမယ်လို့ သတင်းထွက်နေပါတယ်။ ဒါဟာ Xiaomi အတွက်တော့ ထူးခြားမှုလို့သတ်မှတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့အရင် ထွက်ခဲ့တဲ့ စမတ်ဖုန်းတွေ ဖြစ်တဲ့ Mi Max 2 နဲ့ original Mi Max တို့မှာ အဓိက ကင်မရာတခုတည်းသာ တပ်ဆင်ထားတာကြောင့်ပါ။
နောက်ကင်မရာတွေရဲ့ specs တွေကိုမပြောထားသေးပေမယ့် ရှေ့ကင်မရာက 5MP ဖြစ်ဖို့များပါတယ်။ ဘက်ထရီကလည်း 5500 mAh ဖြစ်နိုင်ပြီး အရင်ကထွက်ခဲ့တဲ့သတင်းအတိုင်းဆိုရင် chip 2မျိုးနဲ့ ဗားရှင်း၂မျိုးထွက်မယ်လို့တောင် ပြောထားပါတယ်။ တစ်ခုက Snapdragon 630 သုံးထားပြီး နောက်တစ်လုံးက Snapdragon 660 ကိုသုံးထားမယ်လို့ ဆိုထားပါတယ်။ ဒါဟာတိကျတဲ့ သတင်းအချက်တခုတော့ မဟုတ်သေးပါဘူး။ ဈေးနှုန်းကတော့ တရုတ်ယွမ် 1,699 ($265) ဝန်းကျင်လောက်ရှိမယ်လို့ မှန်းထားပါတယ်။

kk(shweinnlay)

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment