News ပရလောက

ပါတီပွဲအုပ်စုလိုက်ဓာတ်ပုံရဲ့ နောက်ကွယ်က ကျောချမ်းစရာဖြစ်ရပ်

မိန်းကလေးသီးသန့်ပါတီပွဲတစ်ပွဲက အုပ်စုလိုက်ဓာတ်ပုံနှစ်ပုံဟာ အချိန်အနည်းငယ်သာ ခြားပြီး ရိုက်ခဲ့ပေမယ့် တစ်ပုံက နောက်တစ်ပုံထက် အများကြီးကျောချမ်းစရာကောင်းနေခဲ့ပါတယ်။

အမည်မသိမိန်းကလေးတစ်စုဟာ စကော့တလန်နိုင်ငံရဲ့ တောတွင်းတစ်နေရာမှာ လက်ထပ်ခါနီးသူငယ်ချင်းတစ်ဦးအတွက် နှုတ်ဆက်ပါတီပွဲကျင်းပခဲ့ကြပေမယ့် သူတို့အနားမှာ အလိုမရှိစရာ ဧည့်သည်တစ်ဦးပါ ရှိနေခဲ့ပါတယ်။ ပထမဓာတ်ပုံမှာတော့ သူငယ်ချင်း (၁၀)ဦးဟာ တောင်တန်းတွေကို နောက်ခံထားပြီး ရိုးရိုးပုံရိုက်ခဲ့ပါတယ်။

ဒုတိယပုံမှာတော့ (၁၁)ဦးဖြစ်လာခဲ့ပြီး ဆံပင်အနက်ရောင်နဲ့ ကောင်လေးတစ်ဦးဟာ သစ်တုံးနောက်ကနေ ချောက်ချားစရာ ချောင်းကြည့်နေခဲ့ပါတယ်။ ၄င်းဓာတ်ပုံကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ချိန်မှာတော့ လူတိုင်းကြက်သီးထခဲ့ကြရပါတယ်။စကော့တလန်ကျေးလက်ဒေသရှိ ခြံဝင်းတစ်ခုမှာ ရိုက်ခဲ့တဲ့ဓာတ်ပုံဖြစ်ပြီး အနီးအနားမှာ ကလေးရော လူကြီးရော တစ်ယောက်မှာ မရှိခဲ့ကြတဲ့နေရာပါ။

ဓာတ်ပုံထဲမှာ ပါလာခဲ့တဲ့ကောင်လေးဟာ အနောက်ဘက်က ရေကန်ထဲမှာ ရေနစ်သေဆုံးခဲ့တာဖြစ်ကြောင်း သိခဲ့ရပြီး ဝိညာဉ်ဟာ ၄င်းအနီးတဝိုက်မှာ စွဲနေတာဖြစ်ပါတယ်။ ယခုဖြစ်ရပ်ဟာ (၁၉၉၄)ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ the legend of The Blue Boy ဆိုတဲ့ ရုပ်ရှင်နဲ့ ဖြစ်ရပ်ဆင်တူနေပါတော့တယ်။

၎င်းဇာတ်လမ်းထဲမှာ ကောင်လေးတစ်ယောက်က အိပ်နေတုန်း ယောင်ပြီး လမ်းထလျှောက်ကာ ရေထဲဆင်းသွားပြီး သေဆုံးခဲ့ပါတယ်။ သူ့ဝိညာဉ်ဟာ သူနဲ့မိခင်ဖြစ်သူတို့တည်းခိုရာ ဟိုတယ်မှာ ခြောက်လှန့်နေတဲ့ အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။

credit – shwemom

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment