News ပရလောက

သေဆုံးပြီးဆယ်ရက်အကြာမှ ကလေးမီးဖွားခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်အမျိုးသမီး

အာဖရိကန်က အမျိုးသမီးတစ်ဦးဟာ သေဆုံးပြီး ဆယ်ရက်ကျော်အကြာမှာ ကလေးမီးဖွားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိတဲ့ နွန်ဗီလီဆိုနိုမာဆွန်တိုမော်ဒီဆိုသူက တောင်အာဖရိကအရှေ့ပိုင်းက ရွာ တစ်ရွာမှာ နေထိုင်ပြီးတော့ ကိုးလအရွယ်ကိုယ်ဝန်ကို လွယ်ထားရင်းနဲ့ ရုတ်တရက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကလေးငါးယောက်မိခင်ဖြစ်တဲ့ သူမရဲ့ နာရေးဈာပနအခမ်းအနားကို မိသားစုဝင်တွေနဲ့ မိတ်ဆွေ၊ ဆွေ မျိုးသားချင်းတွေက ဂူသွင်းမြေမြှုပ်ပေးခဲ့ကြပါတယ်။ အသုဘချပြီးချင်း ရက်ပိုင်းအနည်းငယ်မှာပဲ သူမ ရဲ့ ကိုယ်ဝန်ဝမ်းဗိုက်အတွင်းက ကလေးငယ်ဟာ အသက်ဆက်လက်ရှင်နေလျှက်ရှိကာ ကလေးမီးဖွား နေခဲ့တာကို သုဿန်ရဲ့အစောင့်တွေက ကြားသိခဲ့ပြီးတော့ သိရှိသွားခဲ့ကြ တာပဲဖြစ်ပါတယ်။

သေဆုံးနေပြီးဖြစ်တဲ့ မိခင်ရဲ့ ဝမ်းဗိုက်ထဲမှ အသက်ရှင်လျှက်နဲ့ မိခင်ဝမ်းကထွက်လာခဲ့တဲ့ ကလေးငယ် ကို အခေါင်းအတွင်းမှ ပြန်လည်ထုတ်ဖို့ လုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ မိသားစုဝင်တွေကတော့ မိခင်သေဆုံးသွားပြီးနောက် ဝမ်းဗိုက်အမျိုးသမီး သားအိမ်အတွင်းမှာ ရှိနေမယ့် သန္ဓေသားလောင်း မှာလည်းသေဆုံးသွားပြီးဟု အထင်မှားခဲ့ကာ ကိုယ်ဝန်ကိုမကြည့်ရှုခဲ့ပဲ မိခင်နှင့်အတူ ထည့်သွင်း မြှုပ်နှံ လိုက်တာပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ မိခင်ဖြစ်သူကတော့ သမီးဖြစ်သူမှာ အသက်ရှူရပ်တန့်ပြီးတော့ ရုတ်တရက်သေဆုံးသွားခဲ့ခြင်းဖြစ်တယ် လို့ အတည်ပြုပေးခဲ့ပြီးတော့ ကွယ်လွန်သွားခဲ့ပြီးဖြစ်တဲ့ သမီးရဲ့ က လေးမီးဖွားခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့ အံ့အားသင့်ခဲ့ရတယ်ဆိုတဲ့ အကြောင်းပြောကြားခဲ့ပါတယ်။ ဆေးပညာကျွမ်းကျင်သူတွေနဲ့ စစ်ဆေးသူကတော့ အဆိုပါ သေဆုံးခဲ့ပြီးသား အမျိုးသမီးရဲ့ကလေးမီး ဖွားမှုအဖြစ်မှန်နဲ့ အကြောင်းအရင်းတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ သိရပါတယ်။

မေ(ရွှေအင်းလေး)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment