Local Celebrity

ယွန်းဝတီလွင်မိုး လက်ပေါ်က လက်စွပ်လေးရဲ့ ထူးခြားချက်

ပြီးခဲ့တဲ့ ဇန်နဝါရီလက လက်ထပ်ခဲ့ကြတဲ့ မောင်ထက်ဦးလှိုင် နဲ့ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကတော့ ပြည်ပကို ပြန်လည်ထွက်ခွာသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။

နှစ်ဦးလုံးဟာ ငယ်သူငယ်ချင်းတွေဖြစ်ပြကြီး သြစတြေးလျနိုင်ငံ Melbone မှာ အတူပညာသင်နေကြရင်း လက်ထပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ လက်ထပ်ပွဲဟာ လူမှုစာမျက်နှာတွေထက်မှာ အတော်လေးရေပန်းစားခဲ့ပြီး ကောလဟာလတွေနဲ့ ဝေဖန်သံတွေလည်း အတော်လေးဆူညံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်ကမှ မပြီးဆုံးသေးတဲ့ ပညာရေးအတွက်လဇနီးမောင်နှံနှစ်ဦးအတူ သြစတြေးလျကို ပြန်သွားခဲ့ပြီး မိသားစုတွေက လေဆိပ်ကို လိုက်ပို့ပေးခဲ့ကြပါတယ်။

ခေး လေးဟာ အိမ်ထောင်ပြုသွားပေမဲ့လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယနေ့ထက်ထိရရှိထားပြီး သူမရဲ့ လှုပ်ရှားမှုတွေဟာလည်း ပရိသတ်တွေကြား စိတ်ဝင်စားစရာ ကောင်းနေဆဲပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နာရီအနည်းငယ်က သူမရဲ့ Instagram မှာ update တင်ထားခဲ့တဲ့ လက်စွပ်ပုံလေးကတော့ သူတို့ဇနီးမောင်နှံအတွက် အမှတ်တရတစ်ခုလည်းဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူရဲ့ နာမည်နဲ့ သူမရဲ့ နာမည်လေးကို လက်စွပ်လေးပေါ်မှာ ထွင်းထားတာဖြစ်ပြီး သူမရဲ့ ring finger လေးမှာ ဝတ်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။ ပရိသတ်တွေကတော့ အရမ်းချစ်ဖို့ကောင်းပြီး romantic ဆန်တဲ့ သူတို့စုံတွဲလေးကို သဘောကျလို့နေကြပါတယ်။

Source: myanmarload.com

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment