Tech News

Myanmar Noob Hacker Team မှာ ဘင်္ဂလားဒေ့ရ် ဝဘ်ဆိုက်များကို တိုက်ခိုက်

မတ်လ ၁ ရက်နေ့က ဘင်္ဂလားဒေ့ရ် နယ်စပ်ရှိ မြန်မာစစ်တပ်ကို နောက်ဆုတ်ပေးဖို့ ဘင်္ဂလားဒေ့ရ်အစိုးရက တောင်းဆိုလာတာကြောင့် ၂ နိုင်ငံ စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။ ၎င်းဖြစ်စဉ်ကိုအကြောင်းပြုပြီး Myanmar Noob Hackers အဖွဲ့က ဘင်္ဂလားဒေ့ရ် ဝဘ်ဆိုက် အချို့ကိုတိုက်ခိုက်ခဲ့ပါတယ်။ MNH အဖွဲ့ဟာ UGMH ရဲ့ Member Team လဲဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိတော့ UGMH နဲ့ ကျန် Hacking Team တွေဆီက ဘာလှုပ်ရှားမှုကိုမှ မတွေ့ရသေးပါဘူး။ UGMH အနေနဲ့ ဒီကိစ္စမှာ ပါဝင်မလား ဒါမှမဟုတ် Member Team တွေကပဲ Team တစ်ခုချင်းစီအနေနဲ့ပဲ တိုက်ခိုက်မလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ UGMH ဟာ တူရကီက ရန်စပြုလုပ်ခဲ့တဲ့ တူရကီ – မြန်မာ cyber war မှာ တူရကီ ဝဘ်ဆိုက်ပေါင်းများစွာကို တိုက်ခိုက်ခဲ့တဲ့ Hacking Team တွေများစွာနဲ့စုဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
Myanmar Black Hacking
MBH

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment