Local Celebrity

အိမ်ထောင်ရေးနဲ့ပက်သတ်ပြီးပြောကြားလာတဲ့ သားလိမ္မာလေး X-Box

Rapသီချင်းကြိုက်တဲ့ လူငယ်တွေအသဲစွဲ အဆိုတော် X-Boxကတော့ ပျိုပျိုတွေရဲ့ အသည်းတစ်ခြမ်းလည်းဖြစ်ပါတယ်။ ဆံပင်ရှည်လေးနဲ့ ပျိုမေတို့နှလုံးသားကိုဖမ်းစားထားတဲ့ X-Box ကတော့ အချစ်ရေးကို ပရိတ်သတ်တွေရှေ့ Offical ချပြထားတာမရှိသေးပါဘူး ပရိတ်သတ်ကြီးတို့ရယ်။

သူရဲ့ဖက်ရှင်ဟာလည်း Free Style လေးနဲ့တက်ကြွနေတတ်ပါသေးတယ်။

သားလိမ္မာလေးဖြစ်တဲ့ အဆိုတော် X-Boxတစ်ယောက် “ အမေ အိမ်ထောင် ပြုခိုင်းရင်တော့ ပြုမှာပါ။ လောလောဆယ် အမေ က ကျွန်တော့်ကို အိမ်ထောင် မပြုစေချင်သေးတဲ့ အတွက်ကြောင့် ပြုဖို့တော့ စိတ်ကူး မရှိသေးပါဘူး ။ ကျွန်တော့်အမေနဲ့ ကိုက်ညီတဲ့ မိန်းကလေးကို ပဲ ယူမှာပါ ။”ဆိုပြီး သူရဲ့အိမ်ထောင်ရေးနဲ့ ပက်သက်ပြီး ပြောကြားခဲ့ပါတယ်။

မနေ့ကအဆိုတော် စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာဆောင်ပွဲမှာလည်း သတို့သားအရံအဖြစ်ပါဝင်ကူညီခဲ့ပါသေးတယ်။ ပုဆိုးနဲ့ တိုက်ပုံလေးကိုလိုက်ဖက်စွာ ဝတ်ဆင်ထားတဲ့ သတို့သားအရံလေးX-Boxရဲ့ ပုံရိပ်လေးကြောင့်လည်း အချစ်တွေတစ်ခါတိုးစေခဲ့ပါတယ် ပရိတ်သတ်ကြီးတို့ရယ်။

Credit – MyanmarLoad

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment