Local Celebrity

ရုပ်ရှင်ကားကြီးမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်တော့မယ့် ရဲမင်းပိုင်

မကြာသေးမီကမှ အမေရိကက ပြန်လာတဲ့ ရဲမင်းပိုင်ဟာ အခုဆိုရင် ရုပ်ရှင်ကားကြီးတစ်ကားမှာ အဓိကဇာတ်ဆောင်အဖြစ်တောင် သရုပ်ဆောင်ဖို့အတွက် ပြင်ဆင်နေပြီး ဇာတ်ကားနဲ့ မင်းသမီးလည်း ရွေးချယ်ပြီးသွားပါပြီ။ရုပ်ရှင်ကားကြီးနာမည်ကို စိန်ခေါ်နေတဲ့စိတ်လို့ အမည်ပေးထားပြီး ရဲမင်းပိုင်နဲ့ အေးမြတ်သူတို့ အဓိက သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒါရိုက်တာ ဂျိုးက ရိုက်ကူးမှာ ဖြစ်ကာ ဝင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပေးတယ်လို့ သိရပါတယ်။

ဒီသတင်းကောင်းကို ဒါရိုက်တာ ဂျိုးက မတ်လ ၁၂ ရက်နေ့ ညက သူ့ရဲ့ဖေ့စ်ဘွတ်ကနေ ကြေညာပေးထားတာ ဖြစ်ပါတယ်။ဇန်နဝါရီလ ၃၁ ရက်နေ့ကမှ မြန်မာပြည်ကို ပြန်ရောက်လာတဲ့ ရဲမင်းပိုင်က အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေပြီး လက်ရှိမှာ လူခေါ်ခေါင်းလောင်း ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် ရိုက်ကူးနေပါတယ်။

အဲဒီဇာတ်ကားထဲမှာ ရဲမင်းပိုင်က မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမျိုးအောင်၊ ထူးခြား၊ ဒိန်းဒေါင်၊ ထွန်းကိုကို၊ ဇင်ဝိုင်း၊ နေရဲ၊ သိန်းလင်း၊ ရွှေသမီး၊ နန်းခင်ဇေယျာ၊ မေမြင့်မိုရ်၊ မိုးမြင့်သဇင်၊ လှမျိုးသဉ္ဇာနွယ်စတဲ့ အနုပညာရှင်များနဲ့အတူ သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မြန်မာပြည်နဲ့ ၁၄ နှစ်ကြာ ခွဲခွာပြီး အမေရိကမှာ သွားရောက်နေထိုင်ခဲ့တဲ့ ရဲမင်းပိုင်ဟာ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photos : ဒါရိုက်တာဂျိုး နဲ့ ရဲမင်းပိုင် FB

credit

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment