Local Celebrity

ရုပ်ရှင်ထူးချွန်ဆုပေးပွဲ စင်ပေါ်မှာ ရန်သတ်ခဲ့တဲ့ ဘောလီးဝုဒ် ဆယ်လီဘရစ်တီ များ

ရုပ်ရှင်ထူးချွန်ဆု ပေးတဲ့ အချိန်မှာ တင်ဆက်သမျှက ဇာတ်တိုက်ထားတာ ဖြစ်တယ်လို့ ပရိသတ်တွေက ယုံကြည်ကြပါတယ်။ ဆုပေးပွဲမှာ ပြောတာ၊ဆိုတာတွေထဲက အနည်းငယ်သာ ပရိသတ်က ယုံကြည်ကြတာ ဖြစ်ပါတယ်။ Bollywood ရုပ်ရှင်ထူးချွန်ဆု ပေးပွဲ ညတွေကလည်း ဆယ်လီဘရစ်တီ တွေရဲ့ ကိုယ်ဘဝ ဇာတ်ကြောင်းတွေပြော၊ ဆုပေးပွဲလုပ် အဲ့တာတွေနဲ့ နာမည်ကြီးပါတယ်။ ဆုပေးပြီးတဲ့ အချိန် ဆယ်လီဘရစ်တီတွေရဲ့ ရင်ခုန်သံစကား တွေကလည်း ပွဲဆူတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဆယ်လီဘရစ်တီတွေက သူတို့ ခံစားချက်တွေ ပြောတဲ့အချိန်မှာ ဆဲတဲ့ အသုံးအနှုန်းတွေ ပါတတ်ပြီး အချို့ပရိသတ်တွေက ဒါကို ကြိုတိုက်ထားတာလို့ ယုံကြည်ကြသလို အပျော်ပြောတယ်လို့ ထင်ကြပါတယ်။ အချို့ ဆုပေးပွဲတွေမှာ ဖြစ်တဲ့ ဆဲတာတွေက ပွဲကို ကပျက်ကချော်တွေ ဖြစ်ခဲ့ပြီး ပွဲဆူစေခဲ့တာ တွေ့ရပါတယ်။ ပွဲဆူခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွေထဲက စင်ပေါ်မှာ ရန်သတ်ခဲ့တဲ့ ဆယ်လီဘရစ်တီ ၅ ယောက် ကို ဖော်ပြထားပါတယ်။

Neil Nitin Mukesh

Shah Rukh Khan နဲ့ Saif Ali Khan တို့ နှစ်ယောက် အစီအစဉ် တင်ဆက်သူ လုပ်တဲ့ ၂၀၁၃ ခုနှစ်က ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ Shah Rukh Khan တို့က စင်ပေါ်ကနေ ဆယ်လီဘရစ်တီတွေရဲ့ ကိုယ်ရေးကိုယ်တာတွေ နဲ့ အပြောင်အပျက် ပြောခဲ့ပါတယ်။ Neil Nitin Mukesh ရဲ့ နာမည်ကို နောက်ပြောင်ခဲ့တဲ့ အချိန်မှာ Neil က သူ့ကို စော်ကားတယ် လို့ ခံစားရတဲ့ အတွက် ဒေါသတကြီး နဲ့ အစီအစဉ် တင်ဆက်နေတဲ့ Shah Rukh Khan နဲ့ Saif Ali Khan တို့ နှစ်ယောက်ကို ပါးစပ်ပိတ်ထားစမ်း လို့ ငေါက်ပြီးပြောခဲ့တာ တွေ့ရပါတယ်။

Ashutosh Gowariker

အစီအစဉ် တင်ဆက်သူ Sajid Khan က Star Screen Awards ဆုပေးပွဲ မှာ Jodha Akbar ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး လှောင်ပြောင်သလို လုပ်ခဲ့တာကို ရုပ်ရှင်ဒါရိုက်တာ Ashutosh Gowariker က ဒေါသတကြီး ဖြစ်ခဲ့ပြီး ဆုယူတဲ့ အချိန်မှာ ပေါက်ကွဲပြောဆိုခဲ့ပါတယ်။ Sajid Khan ပြောဆိုခံရတဲ့ အပေါ် အမဖြစ်တဲ့ Farha Khan က စင်ပေါ်တက်ပြီး Sajid Khan ကို ထောက်ခံအားပေး စကားပြောဆိုခဲ့ပါတယ်။

Shah Rukh Khan

Boman Irani နဲ့ Ritesh Deshmukh တို့ နှစ်ယောက် host လုပ်တဲ့ IIFA ပွဲမှာ မင်းသားကြီး Shah Rukh Khan က အစီအစဉ် တင်ဆက်သူ ၂ ယောက် နဲ့ စကားပြောနေတဲ့ အချိန်မှာ ပရိသတ်က စင်ပေါ်တက်ပြီး Shah Rukh Khan ရဲ့ ခြေထောက်တွေကို ဖက်ပြီး မင်းသားဖြစ်ခွင့်ပေးပါလို့ ပြောခဲ့ပါတယ်။ အဲ့တာက ပွဲဆူစေတဲ့ အခြေအနေ တစ်ခုဖြစ်ခဲ့ပြီး Shah Rukh Khan က ပါးနပ်တဲ့သူ ဖြစ်တဲ့အတွက် သူ့ကိုဖက်တဲ့ ပရိသတ်ကို ပွဲပြီးရင် စင်နောက်မှာ တွေ့မယ်လို့ ပြောပြီး ပွဲထိန်းခဲ့ပါတယ်။ Shah Rukh Khan ကို လာဖက်တဲ့ ပရိသတ်က ပွဲပြီးတဲ့ အချိန်မှာ ပြန်သွားခဲ့တာ တွေ့ရပါတယ်။ ရွှတ်တီး၊ရွှတ်နောက် ပြောတတ်တဲ့ Shah Rukh Khan က “ကျွန်တော့ ခြေထောက်ကို လာဖက်တာ ယောကျာင်္းတွေပဲ ဖြစ်နေတယ်။” ပြောခဲ့ပါတယ်။

Salman Khan

အဆိုတော် Mithoon က ဆုယူတဲ့ အချိန်မှာ Salman Khan ကို နောက်ပြောင်ခဲ့တဲ့ အတွက် Salman Khan က Mithoon ကို ဒေါသတကြီးနဲ့ ငေါက်ပြီး ပြောဆိုခဲ့ပါတယ်။

Kamaal R Khan

အစီအစဉ် တင်ဆက်တဲ့ Ali Asgar နဲ့ Suresh Menon တို့ နှစ်ယောက်က မင်းသားကြီး Kamaal R Khan ထိုင်နေတဲ့ဆီ baalti award ကို လက်ကနေကိုင်ပြီး လာပေးခဲ့တာကို Kamaal က ဒေါသပုန်ထပြီး ဆုကို ကိုင်ပြီး အစီအစဉ်တင်ဆက်နေသူ နှစ်ယောက်ကို ပစ်ပေါက်ခဲ့ပါတယ်။

Ref : Filmygyan

Zan(Momolay)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment