News

ကလေးကိုပြန်ပေးဆွဲနေတာ ဖမ်းမိသွားလို့ ရူးချင်ယောင်ဆောင်ခဲ့တဲ့ အမျိုးသမီး

သူမ ဒီလိုအကွက်တွေ တစ်ခါ ၊နှစ်ခါလည်း မဟုတ်တော့…

အခုခေတ်မှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ယောက်ျားလေးတွေပါမချန် ကိုယ့်အသက်အန္တရာယ်အတွက် စိုးရိမ်နေရပါပြီ။ ရောင်းစားခံရခြင်း နှိပ်စက် ညှင်းပန်း (သို့) သတ်သည်အထိတောင်ဖြစ်လာခဲ့ပါတယ်။ တစ်ချို့ နိုင်ငံတွေမှာလည်း ကလေးတွေရောင်းစားခံနေရပြီး အရွယ်နည်းနည်းရတာနဲ့ ပြည့်တန်ဆာအဖြစ်သို့ရောက်သွားရတယ်။ စိတ်မကောင်းစရာက ဒီပြဿနာကို ခုထိကိုင်တွယ်ရခက်နေကြတုန်းပါပဲ။ အာဏာပိုင်တွေကတော့ လူကြီးတွေကို ကိုယ့်ကလေးကိုယ်သေချာစောင့်ကြည့်ဖို့ သတိပေးကြပါတယ်။

တိုးတက်နေတဲ့နိုင်ငံတွေမှာတောင် နေရာတိုင်း စီစီတီဗီတပ်ထားပေမယ့်ပြစ်မှုကျုးလွန်မှုတွေ ရှိနေတုန်းပါပဲ။ စီစီတီဗီမရှိတဲ့နေရာတွေဆို အခွင့်ရေးသမားတွေ လုပ်ချင်တိုင်း လုပ်လို့အကောင်းဆုံးပဲပေါ့။ အခွင့်ရေးကိုချောင်းမြောင်းနေတဲ့လူတွေထဲမှာ ယောက်ျားတွေသာမက မိန်းမတွေလည်း လှုပ်ရှားနေပါတယ်။ ဖိလစ်ပိုင်မှာ အမျိုးသမီးတစ်ယောက် အိမ်တစ်အိမ်မှ ကလေးတွေကို ပြန်ပေးဆွဲဖို့လုပ်နေတာ ဖမ်းဆီးမိခဲ့ပါတယ်။

 

ထိုအမျိုးသမီးဟာ အိမ်ထဲကိုဝင်ပြီး ကလေးကိုခေါ်ထုတ်ဖို့ကြိုးစားတယ်။ ဘေးပတ်ဝန်းကျင်မှ လူတွေက မူမမှန်ဘူးဆိုတာကိုသိလို့ လိုက်သွားကြည့်ရာမှာ ထင်ထားတဲ့အတိုင်း ကလေးတွေကိုဖမ်းဆီးနေတာတွေ့ရတယ်။ လူလည်း မိရော ထိုအမျိုးသမီးက အိမ်အပြင်ဘက်ကို ထွက်ပြေးသွားပါတယ်။ ထွက်ပြေးလို့ မလွတ်တော့ ရူးချင်ယောင်ဆောင်ကာ သူဘာမှမသိသလို ဟန်ဆောင်ပါတယ်။

ဒါပေမယ့် သူမရဲ့ပုံတွေ အင်တာနက်မှာ ပျံ နှံ့သွားတော့ လူတော်တော်များများက ထိုမိန်းမကိုသိတယ်။ သူမကအဲ့လိုပဲ ကလေးတွေကိုခိုးဖို့လုပ်တယ်။ လူမိသွားရင် ရူးချင်ယောင်ဆောင်တယ်လို့ သိတဲ့လူတွေ ဝင်ပြီးသတိပေးကြပါတယ်။

credit lwinpyin

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment